DVB Logo
Home
မြန်မာသတင်း
ရန်​ကုန်​ စည်​ပင်​​ရွေး​ကောက်​ပွဲကို ပြည်သူများစောင့်ကြည့်နိုင်အောင်လုပ်ဆောင်မည်
DVB
·
January 31, 2019
ရန်​ကုန်​ စည်​ပင်​​ရွေး​ကောက်​ပွဲကို ပြည်သူများစောင့်ကြည့်နိုင်အောင်လုပ်ဆောင်မည်
Donate to DVB

ရန်​ကုန်​ စည်​ပင်​​ရွေး​ကောက်​ပွဲကို ပြည်​သူ​တွေကိုယ်​တိုင်​ ​စောင့်ကြည့်တဲ့ လှုပ်​ရှားပုံစံမျိုး လုပ်​​ဆောင်​သွားမယ်​လို့​ ရွေး​ကောက်​ပွဲ​စောင့်ကြည့်တဲ့အဖွဲ့ဖြစ်​တဲ့ PACE အဖွဲ့က ​သတင်းစာ ရှင်းလင်းပွဲပြုလုပ်​ပြီး​ ပြောပါတယ်​။

တရားမျှတတဲ့​ ရွေး​ကောက်​ပွဲဖြစ်​ဖို့ ရန်​ကုန်မြို့နေ ပြည်​သူ​တွေ ထိုင်စောင့်ကြည့်တဲ့ပုံစံမျိုး လုပ်​​ဆောင်​သွားမှာ ဖြစ်​ပါတယ်​။

ရွေး​ကောက်​ပွဲ​ စောင့်ကြည့်ဖို့​ စေတနာ့ဝန်​ထမ်းအ​ယောက်​ ၁၀၀​​ ကျော်​ လျာထားပြီး ပါဝင်​ချင်​​သူတွေအ​နေနဲ့ အ​ခြေခံပညာအဆင့် ရှိရမှာဖြစ်​ပြီး ပါတီိတခုခုရဲ့ အဖွဲ့ဝင် မဟုတ်​တဲ့ လူ​တွေ လာ​ရောက်​​လျှောက်​ထားနိုင်​တယ်​လို့ PACE အဖွဲ့ရဲ့ အစီအစဉ် မန်နေဂျာ ကိုဟန်​စိုးထွန်းက​ ပြောပါတယ်​​။

ရန်​ကုန်​ရဲ့ လူစည်​ကားတဲ့​ နေရာ​တွေမှာ ​လျှောက်​လွှာ​ဖောင်​​တွေကို လာ​လျှောက်​ထား နိုင်​တယ်​လို့လည်း ဆိုပါတယ်​​။

ရွေး​ကောက်​ပွဲ​စောင့်ကြည့်တဲ့​ စေတနာဝန်​ထမ်း​တွေကို သင်​တန်း​ပေးတာတွေ ပြုလုပ်​သွားမယ် လို့လည်း ဆိုပါတယ်​။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013