DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တောင်ပိုင်းတွင် သနပ်​ဖက်​လုပ်​ငန်း လုပ်​ကိုင်​သူ​နည်းပါးလာ
DVB
·
January 31, 2019
ရှမ်းပြည်တောင်ပိုင်းတွင် သနပ်​ဖက်​လုပ်​ငန်း လုပ်​ကိုင်​သူ​နည်းပါးလာ
Donate to DVB

ရှမ်းပြည်​နယ်​တောင်​ပိုင်း ​တောင်​ကြီး၊ ဟိုပုံးနဲ့ ဆီဆိုင်​ မြို့နယ်​​တွေမှာ ဘိုးဘွား လက်​ထက်​ကတည်းက မိရိုးဖလာစိုက်​ပျိုးလုပ်​ကိုင်​လာတဲ့ သနပ်​ဖက်​လုပ်​ငန်းကို အခုခါမှာ လုပ်​ကိုင်​သူ​တွေနည်းပါးလာပြီဖြစ်​ပါတယ်​။

ဈေးကွက်​မတည်​ငြိမ်​တာတွေ ထင်း၊ ​မြေသြဇာ၊ ​ပိုးသတ်​ဆေး​တွေ ​ဈေးကြီး​လို့ တွက်​​ခြေမကိုက်​​တော့တာကြောင့် ဂေါ်ရခါးသီးကို ပြောင်းလဲစိုက်ပျိုးလာကြပါတယ်။

သနပ်​ဖက်​​လုပ်​ကိုင်​သူ နည်းလာတဲ့အတွက်​ အခုနှစ်​မှာ သနပ်​ဖက်​​လှော်​ပြီးသား အရွက်​ငယ်​ကို တပိဿာကို ကျပ် ၅၀၀၀ ​ဈေး၊ အရွက်​ကြီးကို ကျပ်၈၀၀၀ ​ဈေးနဲ့ စံချိန်​တင်​​ ဈေး​ကောင်းရှိတယ်​လို့ သနပ်​ဖက်​လုပ်​ကိုင်​သူ​တွေက​ပြောပါတယ်​။

သနပ်​ဖက်​​ဈေး စံချိန်​တင်​မြင့်တက်​​ခဲ့ပေမယ့် ​အဲဒီဈေးနှုန်းမြင့်တက်မှုကို တောင်သူတွေ မခံစားရပဲ တောင်သူတွေလက်ထဲမှာ မရှိတော့တဲ့အချိန်မှ အခုလိုဈေးတက်သွားတယ်လို့ ဆိုပါတယ်။

သနပ်​ဖက်​အပင်​ကိုင်းကို မတ်​လမှာခုတ်​ရပြီး အသစ်​ထွက်​လာတဲ့အညွန့်​နဲ့ အရွက်​​တွေကို ဇွန်​လကစပြီး ခူး​လှော်​ရတာဖြစ်ပါတယ်။

တောင်​ကြီးမြို့နယ်​ ဖက်​ကွန်​​ကျေးရွာမှာ ရာသီဥတု အလွန်​​အေးတဲ့အတွက်​ တခြားသီးနှံ ဖြစ်​တဲ့​ပြောင်း၊ ပဲစင်းငုံ​တွေစိုက်​ပျိုးမှု မဖြစ်​ထွန်းဘဲ သနပ်​ဖက်​နဲ့ ကုန်​စိမ်းအချို့သာ စိုက်​ပျိုးလုပ်​ကိုင်​ကြပါတယ်​။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013