DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးစားရိတ်ချေးငွေ လိမ်လည်ထုတ်ယူသူများကို အရေးယူမည်
DVB
·
January 31, 2019
စိုက်ပျိုးစားရိတ်ချေးငွေ လိမ်လည်ထုတ်ယူသူများကို အရေးယူမည်
Donate to DVB

ဧရာဝတီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ စိုက်ပျိုးစားရိတ်ချေးငွေ လိမ်လည်ထုတ်ယူတွေကို သက်ဆိုင်ရာက အရေးယူဖို့ လုပ်ဆောင်နေပါတယ်။

ဧရာဝတီတိုင်းအတွင်း စိုက်ပျိုးစားရိတ်ချေးငွေကြွေးကျန်တွေဟာ မြန်မာတနိုင်ငံလုံးရဲ့ တ၀က်ကျော်ပမာဏဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းကျော်ရှိနေပါတယ်။

၂၀၁၂ ခုနှစ်ကထဲကစပြီး မဆပ်ပဲထားတဲ့ အချိန်စေ့လွန် ကြွေးကျန်တွေဖြစ်ပြီး အခုဆိုရင် ကြွေးကျန် ကျပ်ဘီလီယံ ၂၆၀ ကျော်ထိရှိနေပါပြီ။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဘက်ကတော့ အဲဒီကြွေးကျန်တွေထဲကချေးငွေကို မမှန်တဲ့အချက်အလက်တွေနဲ့ လိမ်လည်ထုတ်ယူတဲ့ သူတွေကို စိစစ်ပြီး ပထမဆုံးအရေးယူဖို့ လုပ်ဆောင်နေတာပါ။

လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း ချေးငွေကောက်ခံရေးအတွက် တနိုင်ငံလုံးက ဝန်ထမ်းတွေနဲ့ အားဖြည့်ကောက်ခံမှုတွေလုပ်ဆောင်နေပါတယ်။ ကြွေးကျန်တွေကိုတော့ အထူးအစီအစဉ်နဲ့ကောက်ခံနေပြီး နောက်ပိုင်းမှာ အရေးယူသွား မယ်လို့ ဆိုပါတယ်။  

အဓိက အချိန်စေ့လွန်ကြွေးကျန်တွေ အများဆုံးကျန်ရှိနေတာကတော့ နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဖျာပုံ၊ ဘိုကလေး၊ လပွတ္တာနဲ့ မော်ကျွန်းမြို့နယ်တွေဖြစ်ကြပါတယ်။

လပွတ္တာမြို့နယ်နေ တောင်သူကိုပြည့်ဖြိုးအောင်က “အစိုးရက အခုလို ကြပ်မတ် ကောက်ခံတာကောင်းပေမယ့် တောင်သူတွေအနေနဲ့ကတော့ စိုက်ပျိုးသီးနှံကနေ ဝင်ငွေ ကျဆင်းပြီး အခက်အခဲတွေကြောင့် အခုလိုဖြစ်ရတာ”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ အရင်က စိုက်ပျိုးစားရိတ်ထုတ်ချေးတဲ့ တောင်သူ သုံးသိန်းကျော်ရှိခဲ့ပြီး အခုအခါမှာ အချိန်စေ့လွန်ကြွေးကျန် ကျန်ရှိတဲ့ တောင်သူ တသိန်းကျော်အထိရှိနေတဲ့အတွက် နောက်ပိုင်းမှာတော့ စိုက်ပျိုးစားရိတ်ချေးငွေထုတ်ချေးသူ နှစ်သိန်းကျော်သာရှိတော့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013