
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ကြမ်း ကြမ်းရမ်းရမ်း Action Drama Thriller အမျိုးအစား ရုပ်ရှင်ပရိသတ်တွေအကြိုက် Miss Bala !
ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Columbia Pictures က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Catherine Hardwicke က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားဟာ ၂၀၁၁ ခုနှစ်က ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ မက္ကဆီကန်ရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
Gloria ဟာ Los Angeles က Makeup Artist တယောက်ဖြစ်ပါတယ်။ တနေ့ သူဟာ မက္ကဆီကိုက သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း Suzu ဆီသွားလည်ခဲ့တယ်။ ဒါပေမယ့် Suzu ဟာ Nightclub တခုမှာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဒါဟာ ပြန်ပေးဆွဲခံရတာလား။ Gloria ဟာ သူ့ရဲ့ သူငယ်ချင်းကို လိုက်ရှာဖွေရင်း မူးယစ်ဆေးဝါးဂိုဏ်းတခုနဲ့ ရင်ဆိုင်ရချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ အမေရိကန်သရုပ်ဆောင်မင်းသမီး Gina Rodriguez က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Ismael Cruz Córdova ၊ Anthony Mackie တို့ကလည်း အတွဲညီညီ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၁၅ သန်းအကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားဟာ စွန့်စားမှုအသားပေး အက်ရှင်ပရိသတ်တွေ နှစ်သက်စေမယ့် ရုပ်ရှင်ကားတ ကား ဖြစ်ပါတယ်။
ဒီကားထဲမှာပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြ ကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အ ဆင့် သတ်မှတ်ထားပါတယ်။
ကြာမြင့်ချိန် ၁၀၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
နောက်ထပ် မိတ်ဆက်ပြောပြပေးမယ့် ရုပ်ရှင်ကတော့ ထိုင်းရုပ်ရှင်ပရိသတ်တွေ အတွက် London Sweeties !
ဒီကားကိုတော့ Scrambled Egg Team က ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော် ပေးထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါး အချစ်ဟာသဒရာမာ ရုပ်ရှင်ပရိသတ်တွေ အကြိုက် တွေ့စေမှာ ဖြစ်ပါတယ်။
လန်ဒန်ကိုရောက်နေတဲ့ ထိုင်းလူငယ်တွေကြားက အချစ်ဇာတ်လမ်းတပုဒ်အဖြစ် ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ English လို ကျွမ်းကျွမ်းကျင်ကျင် မဆက်သွယ်၊ မပြောဆိုနိုင်တဲ့အတွက် ကမောက်ကမဖြစ်ရတာတွေကို အချစ်ဟာသဒရာမာဆန်ဆန် ရိုက်ချက်တွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာပါ။
ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ နာမည်ကြီး Pee Mak ရုပ်ရှင်ကားထဲမှာ ပါဝင်ခဲ့တဲ့ ထိုင်းသရုပ်ဆောင် မင်းသား Nattapong Chartpong နဲ့အ တူ Kidakarn Chatkaewmanee ၊ Sarah Dyas တို့နဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကို ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃၁ ရက်နေ့ကတည်းက ရုံတင်ပြသနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။
မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Mystery Thriller အမျိုးအစား ရုပ်ရှင်ပရိ သတ်တွေ အကြိုက် The Possession of Hannah Grace !
ဒီကားကိုတော့ နယ်သာလန်ရုပ်ရှင် ဒါရိုက်တာ Diederik Van Rooijen က ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Sony Pictures က ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။
မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက် ဟာ သေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ်။ သူရဲ့ အလောင်းဟာ သေဆုံးပြီး လပေါင်းများစွာကြာပြီးမှ ဆေးရုံရင်ခွဲရုံကို ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ဆေးရုံမှာ တာဝန်ကျတဲ့ ၀န်ထမ်းအသစ် ရဲဝန်ထမ်းဟောင်း Megan Reed နဲ့ သွားဆုံ ကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဒါဟာ တကယ်လား၊ ဘယ်သူမှမရှိတဲ့ ရင်ခွဲရုံထဲ မှာ စိတ်ခြောက်ခြားမှုများလားဆိုပြီး သွေးပျက်ထိတ်လန့်စရာအခြေအနေတွေနဲ့ ရင်ဆိုင် ရချိန်မှာတော့ ဘာတွေဆက်ဖြစ်လာလိမ့်မလဲဆိုတာတွေကို ပရိသတ်တွေက ရှုစားကြရ မှာပါ။
ဒီကားထဲမှာတော့ ကနေဒါ-ဖိလစ်ပိုင် သရုပ်ဆောင်မင်းသမီး Shay Mitchell နဲ့အ တူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Grey Damon ၊ Kirby Johnson နဲ့ Stana Katic တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၆ သန်းနဲ့ ၉ သန်းခွဲကြား အကုန်အကျခံရိုက်ကူး ထားတဲ့ ဒီရုပ်ရှင်ကားဟာ Boxoffice မှာတော့ ၀င်ငွေ အမေရိကန်ဒေါ်လာ ၃၅ ဒဿမ ၉ သန်း ရရှိထားပါတယ်။
ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ နဲ့ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မ သင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Rated R အဆင့် သတ် မှတ်ထားပါတယ်။
နိုင်ငံတကာမှာတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ရုံတင်ပြသခဲ့တဲ့ ဒီရုပ်ရှင် ကားကို မြန်မာနိုင်ငံမှာ လက်ရှိရုံတင်ပြသနေတာ ဖြစ်ပါတယ်။
မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ ကြာတော့သည်လည်း မောင့်စကား !
ဒီကားကိုတော့ ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး နာမည်ကြီး စာရေးဆရာမ ဂျူးရဲ့ ၀တ္ထုကို မိုးနီလွင်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက် တာ မီးပွားက ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။
တင်တင်ဇော်၊ ဖြိုးကျော်၊ နန္ဒစတဲ့ လူငယ် ၃ ယောက်ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ် လမ်းတပုဒ်အဖြစ် ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားဟာ ဇာတ်ကောင်တွေ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ထွက်မလာခင်ကတည်းက ဝေဖန်မှုတွေ ရှိနေခဲ့တာပါ။ ဒီကားကို ၁၉၉၅ ခုနှစ် ၀န်းကျင်လောက်တုန်းက သရုပ်ဆောင် စိုးမြတ်သူဇာ၊ ရန်အောင်၊ ရဲအောင်တို့နဲ့ ဒါ ရိုက်တာ အောင်မြင့်မြတ်က ရိုက်ကူးခဲ့ဖူးပြီး ပရိသတ်အားပေးမှုတွေ ရရှိခဲ့တဲ့ ရုပ်ရှင် ဖြစ်တာမို့ ခုထွက်ရှိလာတဲ့ကားထဲမှာရော ဘယ်လိုကွဲပြားခြားနားတဲ့ သရုပ်ဆောင်မှုတွေ နဲ့ ကြည့်ရှုကြရမလဲ၊ အရင်ရုပ်ရှင်ကားကိုရော မီပါ့မလားဆိုတာတွေကို ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာတော့ ပရိသတ်ကြိုက် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ် ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အများ ကြီးက ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ဇန်န၀ါရီလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး ရုပ်ရှင် Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းခွဲကျော် ရှိနေခဲ့တာပါ။
ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။
မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ကိုရီး ယားရုပ်ရှင် ပရိသတ်တွေအကြိုက်တွေ့ကြမယ့် Doorlock !
သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Thriller Drama အမျိုးအစား ရုပ်ရှင်ကားတ ကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ တောင်ကိုရီးယား ရုပ်ရှင်ဒါရိုက်တာ Lee Kwon က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
Cho Kyung-Min ဟာ တိုက်ခန်းတခုမှာ တယောက်တည်း နေထိုင်တဲ့ မိန်းက လေးတယောက်ပါ။ တနေ့မှာတော့ ဘယ်သူမှန်းမသိတဲ့ သူစိမ်းတယောက်က ခိုးဖွင့်ဝင် ရောက်ဖို့ ကြိုးစားလာခဲ့တဲ့အခါ ထင်မှတ်မထားတာတွေနဲ့ ကြုံတွေ့ရပါတော့တယ်။ ဒါက သူ့ကို အန္တရာယ်ပြုမယ့်သူလား၊ သိပ်မကြာခင်မှာပဲ ထူးဆန်းတဲ့ လူသတ်မှုတခုနဲ့ ရင် ဆိုင်ရချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီအသက်အန္တရာယ်တွေကြားက Cho Kyung- Min တယောက် လွတ်မြောက်နိုင်ပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရ မှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင်မင်းသမီး Gong Hyo-jin က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ် ကြတဲ့ Kim Ye-won နဲ့ Kim Sung-oh တို့ကလည်း ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားဟာ Box Office မှာတော့ ၀င်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဒဿမ ၅ သန်းထိ ရရှိထားတဲ့ ဇာတ်ကားတကားပါ။
ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီကားကို နိုင်ငံတကာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက် နေ့ကတည်းက ရုံတင်ပြသခဲ့ပြီး မြန်မာနိုင်ငံမှာတော့ လက်ရှိရုံတင်ပြသနေတာ ဖြစ်ပါ တယ်။
Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီ မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။
ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။










