DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်အစိုးရ ဝန်ကြီး ၃ ဦး အစားထိုးခန့်အပ်၊ ၁ ဦးကို ပြောင်းလဲတာဝန်ပေး
DVB
·
January 31, 2019
ကချင်ပြည်နယ်အစိုးရ ဝန်ကြီး ၃ ဦး အစားထိုးခန့်အပ်၊ ၁ ဦးကို ပြောင်းလဲတာဝန်ပေး
Donate to DVB

ကချင်ပြည်နယ်အစိုးရမှာ လစ်လပ်နေတဲ့ ဝန်ကြီးနေရာ သုံးနေရာအတွက် ဝန်ကြီးသစ် သုံးဦးကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ခန့်အပ် တာဝန်ပေးလိုက်ပြီး တခြားဝန်ကြီးတဦးကိုတော့  ဌာနပြောင်းလဲ တာဝန်ပေးအပ်လိုက်ပါတယ်။

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးကျော်ကျော်ဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးလဆိုင်းနဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးနော်လီ (ခ) ဖခေါင်ခမ်းရယ်ကို အသစ်ခန့်အပ်လိုက်တာပါ။

ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးတာဝန်ယူထားတဲ့ ဦးနေဝင်းကိုတော့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်တယ်လို့ ဇန်နဝါရီ ၃၀ ရက် နေ့စွဲနဲ့ နိုင်ငံတော်သမ္မတရုံးက အမိန့်စာ ထုတ်ပြန်ထားပါတယ်။

ရာထူးတာဝန်တွေကနေ နုတ်ထွက်သွားလို့ လစ်လပ်နေတဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာ ၃ နေရာအတွက် အစားထိုးခန့်အပ်ဖို့ မနေ့က ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အဲဒီဝန်ကြီးတွေရဲ့ အမည်စာရင်းကို တင်သွင်းကာ လွှတ်တော်နဲ့ သဘောတူညီချက် ရရှိပြီးနောက် သမ္မတက အတည်ပြု ခန့်အပ်လိုက်တာပါ။

လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီးဌာနကို လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီးဌာနဆိုပြီး ဝန်ကြီးဌာန ၂ ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းဖို့ သမ္မတက တင်ပြထားတာကိုတော့ ကချင်ပြည်နယ်လွှတ်တော်က သဘောမတူသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013