DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံရခိုင်လူငယ်များကို လွှတ်ပေးရန်  စစ်တွေမြို့တွင် ကန်ပိန်းပြုလုပ်တောင်းဆို
DVB
·
January 30, 2019
ဖမ်းဆီးခံရခိုင်လူငယ်များကို လွှတ်ပေးရန်  စစ်တွေမြို့တွင် ကန်ပိန်းပြုလုပ်တောင်းဆို
Donate to DVB

စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် တပ်ကြပ်ကိုဖိုးလုံး လုပ်ကြံခံရမှုမှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ ရခိုင်လူငယ် ၄ ဦးကို ပြန်လွှတ်ပေးဖို့ ဒီကနေ့ မနက်  ရခိုင်လူငယ် ၂၀ ကျော်က စစ်တွေမြို့ ခိုင်သဇင်ပန်းခြံမှာ လှုပ်ရှားမှုတခု ပြုလုပ်တောင်းဆိုလိုက်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ အပြစ်မရှိဘဲ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသူတွေအတွက် ရခိုင်ပြည်နယ် မြို့နယ် ၆ ခုလောက်က လူငယ်တွေလာရောက်ပြီးက စစ်တွေ တရားရုံးအနီး ခိုင်သဇင်ပန်းခြံမှာ လာရောက်တောင်းဆိုခဲ့ကြတာပါ။

ဖမ်းဆီးခံ ရခိုင်လူငယ် ၄ ဦးကို စစ်တွေမြို့နယ် ခရိုင်တရားရုံးမှာ ဒီကနေ့ စစ်ဆေးမှု တစုံတရာမလုပ်ဘဲ စစ်တွေထောင်ကိုပြန်လည်ပို့ဆောင်ခဲ့ပြီး လာမယ့် ဖေဖော်ဝါရီ ၁ ရက် ပြန်လည်ရုံး ချိန်းခေါ်ထားပါတယ်။

ဒီကနေ့ လှုပ်ရှားမှုမှာတော့ ပြီးခဲ့နှစ်က မြောက်ဦးလူငယ်တွေ သေဆုံးခဲ့ရတာတွေနဲ့ လက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေအတွင်း အပြစ်မဲ့ ကလေးငယ်တဦး အသက်ဆုံးရှုံးခံခဲ့ရတဲ့ ကိစ္စရပ်တွေဟာ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို ပြသနေတယ်လို့ ကမ်းပိန် လှုပ်ရှားသူတွေ ကပြောပါတယ်။

အဲဒါကိစ္စတွေနဲ့ ပတ်သက်ပြီး  ပြည်နယ်အစိုးရနဲ့ တွေ့ဆုံနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း ကမ်ပိန်းမှာပါဝင်ခဲ့တဲ့ လူငယ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ၂၅ ရက်က စစ်တွေမြို့၊ ဝင်္ကပါကွင်းမှာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် တပ်ကြပ် ဝင်းထိုက် (ခေါ်) ဖိုးလုံးဟာ ဈေးရောင်းပွဲတော်မှာ အမည်မသိ သေနတ်သမားရဲ့ အနီးကပ်ပစ်ခတ်ခံရပြီး ဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာ သေဆုံးခဲ့ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013