DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာငွေပေးချေမှုတွင် ဂျပန်ယန်းနှင့် တရုတ်ယွမ်ငွေ ခွင့်ပြုကြောင်း ဗဟိုဘဏ်ကြေညာ
DVB
·
January 30, 2019
နိုင်ငံတကာငွေပေးချေမှုတွင် ဂျပန်ယန်းနှင့် တရုတ်ယွမ်ငွေ ခွင့်ပြုကြောင်း ဗဟိုဘဏ်ကြေညာ
Donate to DVB

နယ်စပ်ကုန်သွယ်ရေးမှာ ငွေပေးချေတာ လွယ်ကူစေဖို့ ဂျပန်ယန်းငွေနဲ့ တရုတ်ယွမ်ငွေတို့ကို နိုင်ငံတကာငွေပေးချေတာနဲ့ စာရင်းရှင်းတာမှာ ခွင့်ပြုလိုက်တယ်လို့ ဗဟိုဘဏ်က ဒီနေ့ ဇန်န၀ါရီ ၃၀ရက်မှာ ကြေညာပါတယ်။

နိုင်ငံခြားသုံးငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း လိုင်စင်ရဘဏ်တွေမှာ လုပ်ကိုင်ခွင့်ပြုလိုက်တာပါ။

စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက “အိတ်စပို့ အင်ပို့လုပ်တဲ့အခါ တရုတ်ကို ငွေသွင်းတယ်ဆိုရင် အခုကျတော့ မြန်မာငွေကနေ ဒေါ်လာ၊ ဒေါ်လာကနေ ယွမ်လဲရတော့ ၂ ဆင့်ခံနေပြီး ငွေလဲတာ ၂ ခါ နာနေတာပေါ့။ အခုတော့ ငွေလဲတာ တခါပဲ ရှိတော့မှာမို့ ပိုပြီး အဆင်ပြေသွားတာပေါ့” လို့ ပြောပါတယ်။

ဒါပေမယ့် ဘဏ်တွေအချင်းချင်း အပြန်အလှန်စာရင်းဖွင့်တာနဲ့ စာရင်းရှင်းလင်းပေးချေတာကလွဲပြီး လူပုဂ္ဂိုလ်တယောက်ချင်းနဲ့ အဖွဲ့အစည်းတွေအတွက် တော့ ငွေစာရင်းဖွင့်မပေးဖို့ ဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။

ဒီမတိုင်ခင်ကတော့ ဒေါ်လာ၊ ယူရို၊ မလေးရှားရင်းဂစ်၊ ထိုင်းဘတ်နဲ့ စင်ကာပူဒေါ်လာတို့ကို နိုင်ငံတကာ ငွေပေးချေတာမှာ ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

လက်ရှိမှာ ဂျပန်၊ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ဘဏ်ခွဲတွေကို ပြည်တွင်းမှာ တရားဝင် လုပ်ခွင့်ပြုထားပြီလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013