DVB Logo
Home
မြန်မာသတင်း
လပွတ္တာက ဒုရဲအုပ် ၁ ဦးနှင့် မှော်ဘီက မြေစာရင်းဝန်ထမ်း ၂ ဦးကို အဂတိလိုက်စားမှုဖြင့် အရေးယူ  
DVB
·
January 30, 2019
လပွတ္တာက ဒုရဲအုပ် ၁ ဦးနှင့် မှော်ဘီက မြေစာရင်းဝန်ထမ်း ၂ ဦးကို အဂတိလိုက်စားမှုဖြင့် အရေးယူ  
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကန်ဘဲ့ နယ်မြေရဲစခန်းက အမှုစစ် ဒုရဲအုပ်အောင်နိုင်ဦးကို  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူ ထားလိုက်ပါတယ်။

လပွတ္တာမြို့နယ်နေ နစ်နာသူ လယ်သမားတွေက လယ်ထွန်ရာမှာသုံးဖို့  ကျွဲငါးကောင်ကို စာချုပ် စာတမ်းနဲ့ ဝယ်ယူခဲ့ပြီး စက်လှေနဲ့ သယ်ဆောင်လာရာမှာ   ကန်ဘဲ့နယ်မြေရဲစခန်းကနေ အမှုဆင် ဖမ်းဆီး တရားစွဲပြီး ငွေကြေးတောင်းခံခဲ့တဲ့အပြင် တရားရုံး သက်သေခံဖြစ်တဲ့ ကျွဲတွေကို ရောင်းစားခဲ့တာကြောင့် အရေးယူပေးဖို့  အဂတိကော်မရှင်ကိုတိုင်ကြားခဲ့တဲ့ အမှုဖြစ်ပါတယ်။

ဒီတိုင်ကြားစာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ အဆိုပါ အမှုစစ်ရဲအရာရှိကဟာ  အမှုကိစ္စညှိနှိုင်းဖို့အတွက် ငွေ ကျပ် ငါး သိန်းနဲ့ တရားခံတွေ အာမခံရရှိရေးအတွက် ငွေကျပ် ၅ သိန်း တို့ကို တောင်းခံ ရယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးအောင်စိုးလင်းနဲ့ မြေတိုင်း-၄ ဦးဇော်အေးလတ် တို့ကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်အရေးယူထားတယ်လို့ ဆိုပါတယ်။

မှော်ဘီမြို့နယ်၊ ပက်တန်းကျေးရွာမှာ ဒေသခံ လယ်သမားတွေ နှစ်၃၀ကျော် လယ်လုပ်ငန်း လုပ်ကိုင်နေတဲ့ စားကျက်မြေ မြေဧက၁၄၀ခန့်အတွင်း လယ်သမားအိမ်ထောင်စု ၃၁စုထံမှ မြေဂရန်ချပေးမယ် ပုံစံ(၇) ထုတ်ပေးမယ်ဆိုကာ  ငွေတောင်းခံခဲ့တာလို့ စုံစမ်းပေါ်ပေါက်ခဲ့တယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013