DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာမြို့နယ်တွင် လယ်ကွင်းထဲက စစ်ကျန် ဗုံးသီးဟောင်းများတွေ့ရှိ
DVB
·
January 30, 2019
မိတ္ထီလာမြို့နယ်တွင် လယ်ကွင်းထဲက စစ်ကျန် ဗုံးသီးဟောင်းများတွေ့ရှိ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရုံးတောလေးရွာအနီး လယ်ကွင်းထဲမှာ စစ်ကျန် ဗုံးသီးဟောင်း ၃လုံးကို ဇန်နဝါရီလ ၂၉ရက်နေ့လယ်က တွေ့ခဲ့တယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။

ဒုရဲအုပ်သက်ပိုင်စိုးက “ဒုတိယကမ္ဘာစစ် တုန်းက လေယာဉ်ပေါ်ချတဲ့ ဗုံးတွေလို့ ထင်မိတယ်။ မပေါက်ကွဲပဲ ကျန်ခဲ့တာတွေပေါ့၊ အန္တရာယ်ရှိတယ်။ တပ်ဖက်ကို အပ်လိုက်ပါပြီ”လို့ ပြောပါတယ်။

ဒေသခံတောင်သူ ဦးသိန်းဌေးက သူပိုင်တဲ့ လယ်ကွင်းထဲမှာ လယ်ထွန်ရင်း  ဗုံးသီးဟောင်း ၃လုံးကို တွေ့ခဲ့တာပါ။

ဗုံးသီးဟောင်းတွေဟာ လုံးပတ် ၉လက်မ၊ အရှည် ၁ပေ လောက်ရှိပြီး သံချေးတွေတက်နေတဲ့ ဗုံးသီးဟောင်းတွေ ဖြစ်ပါတယ်။ ညနေပိုင်းမှာပဲ အမှတ် ၉၁၁ စစ်မြေပြင် အင်ဂျင်နီယာတပ်ကို လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013