DVB Logo
Home
Lead Story
ကရင်အလှမယ် နန့်လွင်မာဦးနှင့် မေးမြန်းချက်
DVB
·
January 30, 2019
ကရင်အလှမယ် နန့်လွင်မာဦးနှင့် မေးမြန်းချက်
Donate to DVB

ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းမှာ မနေ့ညက ကျင်းပပြီးစီးသွားတဲ့ Miss Ethnic Myanmar 2019 တိုင်းရင်းအလှမယ်ပြိုင်ပွဲကို တိုင်းရင်းသားဒေသ အသီးသီးက ကိုယ်စားပြုအလှမယ် ၄၁ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီပြိုင်ပွဲအတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းက ကရင်တိုင်းရင်းသား ကိုယ်စားပြု အလှမယ်တဦးဖြစ်တဲ့ နန့်လွင်မာဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ညီမအနေနဲ့ ကရင်တိုင်းရင်းသား ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာဆိုတော့ ဘယ်ပုံဘယ်နည်း ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့တယ်ဆိုတာ နည်းနည်းပြောပြပါဦး။

ဖြေ - “ဘယ်လိုကနေ ပါဝင်ယှဉ်ပြိုင်ဖြစ်လဲဆိုတာ့ မအူပင် ကရင်နှစ်သစ်ကူးနေ့ကနေ ပြိုင်ပွဲဝင်ပြိုင်ရင်းနဲ့ အဲဒီအန်တီ ရွေးပေးတာပေါ့နော်။ သမီးတဲ့။ ဒီရန်ကုန်မြို့မှာ သွေးချင်းများရဲ့ ပွဲတော်ဆီ ကျင်းပဖို့ အစီအစဉ် ရှိတယ်ပေါ့နော်။ အဲဒီကို သမီးဝင်ပြိုင်ပေးပါလား ဆိုပြီးတော့ အဲလို အကူအညီတောင်းတော့ နောက်ပြီးတော့ ကိုယ့်လူမျိုးအတွက်လည်း ကိုယ့်ရဲ့ ယဉ်ကျေးမှုတွေကိုလည်း ချပြချင်တဲ့ အတွက်ကြောင့်လည်း ဒီပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။”

မေး - ဆိုတော့ ညီမလေးက မအူပင်ဘက်ကလား။

ဖြေ - “ မအူပင်ကတော့ မဟုတ်ပါဘူး။ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ဓနိကျေးရွာကပါ။”

မေး - ညီမလေးက ရန်ကုန်မှာလာပြီး အလှမယ်ပြိုင်ပွဲ ပါဝင်တော့ကော ဘယ်လို အတွေ့အကြုံသစ်တွေရလဲ ပြောပြပေးပါဦး။

ဖြေ - “အတွေ့အကြုံသစ်တွေကတော့ အများကြီးရှိတယ်လေ။ ပထမဆုံး အတွေ့အကြုံဆိုတော့  အခက်အခဲတွေလည်း ရှိတယ်။ နောက်တော့ အဲဒီအခက်အခဲတွေကနေ ပြီးတော့ပဲ ကိုယ့်ကို အားဖြစ်စေတယ်ပေါ့နော်။ ဒီမှာ ပြိုင်ပွဲဝင်နေတဲ့လူတွေက အတွေ့အကြုံရှိပြီးသား လူတွေပဲ။ ကိုယ်က ဒါကျတော့ ဒီလိုမျိုးပွဲကျတော့ ပထမဆုံး အတွေ့အကြုံပဲလေ။ အဲဒါကြောင့် အခက်အခဲတွေလည်း အများကြီးရှိတယ်။ အတွေ့အကြုံတွေလည်း အများကြီးရတယ်ပေါ့နော်။”

မေး - အခက်အခဲဆိုတော ဘယ်လိုခက်ခဲတာကို ပြောတာလဲ။

ဖြေ - “အခက်အခဲဆိုတာတော့ အဲလိုမျိုးလေ။ ဒေါက်ဖိနပ်အမြင့်ကြီးတွေ စီးရတာတို့၊  လမ်းလျှောက်ရတာ အဲလိုအခက်အခဲတွေ ရှိတာပေါ့နော်။ စီးနေကျမဟုတ်လို့၊ အဲလို ဒေါက်အမြင့်ကြီးကျတော့ ကိုယ့်အတွက်က စီးနေကျမဟုတ်ဘူးလေ။ အစိမ်းသက်သက် ဆိုတော့လေ။ နောက် လမ်းလျှောက်ရတာတွေရော၊ ကရတာတွေရောပေါ့။”

မေး - ခုလို တခြားတိုင်းရင်းသားတွေနဲ့ အတူနေရတဲ့ အခါမှာရော ဘယ်လိုမျိုးတွေ ကြုံတွေ့ခံစားရတာမျိုးတွေ ရှိလဲ။

ဖြေ - “အဲလိုမျိုးတော့ အခက်အခဲမရှိဘူး။ ညီမဆိုရင် အခန်းတခန်းထဲမှာဆိုရင် တိုင်းရင်းသားသုံးမျိုး၊ ပအိုဝ်းရယ်၊ နာဂရယ် နေရတယ်ဆိုတော့ သူတို့က မြန်မာစကားလည်း တတ်တယ်ဆိုတော့ အချင်းချင်း အဆင်ပြေတယ်ပေါ့နော်။ သူ့ရဲ့ဘာသာစကားလည်း သင်ယူလို့ရတယ်။ အချင်းချင်း ဘာသာစကားချင်း ဖလှယ်ရတယ်ပေါ့နော်။ ပျော်တော့ပျော်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013