DVB Logo
Home
မြန်မာသတင်း
သမီးဖြစ်သူကို ကျောပိုးပြီး သားအဖနှစ်ဦး စစ်ကိုင်းတံတားပေါ်က ခုန်ချသတ်သေ
DVB
·
January 30, 2019
သမီးဖြစ်သူကို ကျောပိုးပြီး သားအဖနှစ်ဦး စစ်ကိုင်းတံတားပေါ်က ခုန်ချသတ်သေ
Donate to DVB

စစ်ကိုင်းတံတား (အင်းဝတံတားဟောင်း) ပေါ်ကနေ ခုန်ချသွားတဲ့ သားအဖနှစ်ယောက်ထဲက ဖခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ဒီနေ့ မနက်က ရှာတွြေ့ပီလို့  စစ်ကိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီ ၂၇ ရက်က စစ်ကိုင်းမြို့ရှိ  စစ်ကိုင်းတံတားပေါ်ကနေ အမျိုးသားတဦးဟာ အသက် ၄ နှစ်အရွယ် သမီးငယ်ကို ကျောပိုးပြီး ဧရာဝတီမြစ်အတွင်း ခုန်ချခဲ့မှု ဖြစ်ပွားခဲ့တာပါ။

မြစ်ထဲခုန်ချသွားတဲ့ သားအဖကို စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ အိုးဘိုလူမှုကူ ညီရေးအဖွဲ့နဲ့ သုခကာရီ ကယ်ဆယ်ရေး အဖွဲ့တို့ ပူးပေါင်းရှာဖွေနေရာမှာ ဖခင်ရဲ့အလောင်းကို တွေ့ပေမယ့် သမီးဖြစ်သူကိုတော့ မတွေ့သေးတာကြောင့် ဆက်ရှာဖွေနေတုန်းပဲလို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အတွင်းရေးမှူး ကိုစိုးမင်းဦးက “ဒီမနက် ၈ နာရီခွဲလောက်က ရေပြင်ရှာဖွေရေးအဖွဲ့တွေရယ်၊ ရေငုပ်သမားတွေရယ် လှေနဲ့ သွားရင်းနဲ့ စစ်ကိုင်းတံတား အောက်ဘက် ၃ မိုင်ကျော်လောက်က မြစ်လယ်ကောင်မှာ မျောနေတာကို တွေ့ခဲ့ရတာပါ။ အဲဒါနဲ့ ဆယ်ယူပြီး မိသားစုဝင်တွေကို အတည်ပြုခိုင်းတော့ ဟုတ်တယ်လို့ ပြောတာကြောင့် ဆေးရုံကို ပို့လိုက်ပါပြီ” လို့ ပြောပါတယ်။

စစ်ကိုင်းတံတားပေါ်ကနေခုချသွားသူဟာ မန္တလေးမြို့ ကန်ပတ်လမ်း ၀ါဆိုကျောင်းတိုက်အနီးမှာ နေထိုင်တဲ့  အသက် ၄၀ အရွယ် ဦးစိုးမင်းသိန်းဖြစ်ပြီး အသက် ၄ နှစ်အရွယ် သမီးငယ်ကို မဖြူစင်သွယ်ကို ကျောပိုးပြီး ဧရာဝတီမြစ်ထဲကို ခုန်ချခဲ့တာပါ။

သမီးဖြစ်သူဟာ မျက်လုံးကင်ဆာရောဂါဝေဒနာခံစားနေရသူဖြစ်ပြီး ရောဂါကိုခွဲစိတ်ဖို့ ၁ ရက်အလိုမှာ အိမ်ကနေ ပျောက်ဆုံးသွားပြီး နောက်ပိုင်းမှာ အခုလို ခုန်ချသွားတာကို မိသားစုက သိရှိခဲ့တာပါ။

ဒီအမှုနဲ့ပတ်သက်ပြီး မန္တလေးတိုင်း အမရပူရ ရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှု ဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013