DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် သမ္မတအိုဘားမားနှင့် တွေ့ဆုံ
DVB
·
September 20, 2012
ဒေါ်အောင်ဆန်းစုကြည် သမ္မတအိုဘားမားနှင့် တွေ့ဆုံ
1 / 2
Donate to DVB

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ စက်တင်ဘာ ၁၉ ရက်နေ့က ဖိတ်ကြားပြီး တွေ့ဆုံခဲ့ပါတယ်။

အိမ်ဖြူတော်ထဲက ဘဲဥပုံ (Oval) ရုံးခန်းမမှာ နာရီဝက်ကြာတွေ့ဆုံရာမှာ ဓာတ်ပုံကင်မရာသမားတွေ ကို ခဏတာ ခွင့်ပြုခဲ့ပေမယ့် ရုပ်သံ ကင်မရာသမားတွေနဲ့ ပုံနှိပ်မီဒီယာသမားတွေကိုတော့ ခွင့်မပြုပါဘူး။

[caption id="attachment_31078" align="alignleft" width="300" caption="ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ စက်တင်ဘာ ၁၉ ရက်နေ့က တွေ့ဆုံစဉ်(ဓာတ်ပုံ-ရိုက်တာ)"][/caption]

တွေ့ဆုံတဲ့ ဘဲဥပုံ (Oval) ရုံးအဆောက်အဦဟာ ပုံမှန်အားဖြင့် အမေရိကန်သမ္မတက နိုင်ငံရပ်ခြားသမ္မတတွေနဲ့ ၀န်ကြီးချုပ်တွေကို လက်ခံတွေ့ဆုံလေ့ ရှိတဲ့ နေရာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တခြားနိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တဦးလည်း တက်ရောက်ပြီး ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ တစုံတရာသတင်းထုတ်ပြန်ခြင်းမရှိပါဘူး။

သမ္မတအိုဘားမားနဲ့ မတွေ့ဆုံခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ကွန်ဂရက်က    အရပ်သားတွေကို ပေးအပ်တဲ့ အမြင့်ဆုံးဂုဏ်ပြုမှုနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

အမေရိကန်ကွန်ဂရက်မှာ ကျင်းပတဲ့ ဒီဂုဏ်ပြုပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ဘ၀ရဲ့ အရွှေ့အပြောင်းဆုံးနေ့တွေထဲက တရက်ဖြစ်တယ်လို့ ပြောပါတယ်။

ကွန်ဂရက်ရဲ့ဆုကို ၂၀၀၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံစဉ်မှာ ပေးအပ်တာဖြစ်ပြီး ခုမှ လက်ခံရယူတာဖြစ်ပါတယ်။

ဒီဆုကို အရင်က လက်ခံရရှိသူတွေထဲမှာ ဂျော့ခ်ျဝါရှင်တန်၊ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ တို့ ဖြစ်ပါတယ်။

ဆုပေးပွဲအခမ်းအနားမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နဲ့ ထင်ရှားတဲ့ လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ်တို့လည်း တက်ရောက်သလို  နိုဝင်ဘာ ၆ ရက်နေ့ ရွေးကောက်ပွဲအတွက် အလုပ်များနေကြတဲ့ကြားက ကွန်ဂရက်အမတ်တွေလည်း တက်ရောက်ကြပါတယ်။

မြန်မာပြည်သားတွေထဲက သပိတ်အိုင်ဆရာတော်နဲ့ ရွှေည၀ါဆရာတော် အပါအ၀င် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေနဲ့ မြန်မာ့ရိုးရာ ၀တ်ဆင်ထားတဲ့ မြန်မာတချို့လည်း ဒီဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုက ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ပါတီ ၂ ခုစလုံး ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို နှစ်ပေါင်းများစွာ ထောက်ခံခဲ့ကြပါတယ်။

တရက်တည်းမှာပဲ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သမ္မတဦးသိန်းစိန် နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ အပေါ် တားမြစ်ကန့်သတ်ချက်တွေကို ရုပ်သိမ်းခဲ့ပါတယ်။

ဒီနှစ်ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါလီမန်အမတ် အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးချိန်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာနဲ့ သံတမန်ဆက်ဆံရေး ပြန်စသလို အမေရိကန်ကုမ္ပဏီတွေကို မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပါတယ်။

အမေရိကန်အစိုးရကလည်း မြန်မာ့ပို့ကုန်တွေကို ပြန်ခွင့်ပြုဖို့ အပါအ၀င် ကျန်ရှိသေးတဲ့ ပိတ်ဆို့မှုတွေကို ဖြေလျော့ဖို့ စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေသလို ဒေါ်အောင်ဆန်းစုကြည် ကလည်း စက်တင်ဘာ ၁၈ ရက်နေ့က ၀ါရှင်တန် ဒီစီမြို့တော် မိန့်ခွန်းတခုမှာ ပိတ်ဆို့မှုတွေကို ဖြေလျော့တာကို သူအတိအလင်းထောက်ခံတဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013