DVB Logo
Home
မြန်မာသတင်း
မႏၱေလးက အမ်ားသံုးအိမ္သာ အာဆီယံဆုရရွိ
DVB
·
January 30, 2019
မႏၱေလးက အမ်ားသံုးအိမ္သာ အာဆီယံဆုရရွိ
1 / 8
Donate to DVB

မန္တလေးမြို့  လမ်း ၇၀ မှာရှိတဲ့ လမ်းဘေးသန့်စင်ခန်းက ASEAN Public Toilet Awards 2019-2021အာဆီယံဆု ရရှိသွားတယ်လို့ မြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသား ဖော်ပြပါတယ်။

အာဆီယံနိုင်ငံတွေမှာရှိတဲ့ အများပြည်သူသုံး အိမ်သာတွေကို ဆုပေးဖို့အတွက် ဒီဇိုင်းပုံစံနဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတာ၊ မသန်စွမ်းတွေအတွက် အဆင်ပြေတာ၊ သာယာ အဆင်ပြေတာ၊ စွန့်ပစ်ရေတွေကို စံချိန်စံညွှန်းနဲ့အညီ စီမံနိုင်တာ၊ သန့်ရှင်းတာ၊ လုံခြုံမှုရှိတာ စတဲ့ စံညွှန်းသတ်မှတ်ချက်တွေအပေါ် ရွေးချယ်တာ ဖြစ်ပါတယ်။

မန္တလေးမြို့ ၂၆ လမ်းနဲ့ လမ်း ၇၀ ထောင့်မှာရှိတဲ့ အဲဒီသန့်စင်ခန်းကို  ပြီးခဲ့တဲ့နှစ်က ဖွင့်လှစ်ခဲ့တာပါ။

အလားတူ အများသုံး သန့်စင်ခန်းတခုကိုလည်း ၁၄ လမ်းထိပ်မှာ ဒီလထဲဖွင့်မှာဖြစ်ပြီး ပြည်ကြီးမင်္ဂလာ ကုန်တင်ကားကြီးကွင်းမှာလည်း ဆောက်လုပ်ပြီးပြီးလို့ သိရပါတယ်။

အဆင့်မြင့် အများသုံးသန့်စင်ခန်းတွေကို ၇၄ လမ်း-၁၂လမ်းထိပ်၊ ၂၃ လမ်း-လမ်း ၈၀ထိပ်၊ ကမ်းနားလမ်း မြို့တော်ဥယျာဉ်နေရာ၊ မဟာအောင်မြေကျောက်ဝိုင်းတို့မှာ အခုနှစ်အတွင်း ဆောက်သွားမှာဖြစ်ပြီး ၂၀၁၉-၂၀ ဘတ်ဂျက်မှာ အဆင့်မြင့်သန့်စင်ခန်း ၅ ခန်းထပ်ဆောက်ဖို့ လျာထားတယ်လို့လည်း မြို့တော်ဝန်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013