DVB Logo
Home
Lead Story
တိုင်းရင်းသားအလှမယ်များ၏ ငြိမ်းချမ်းရေးစကားသံ
DVB
·
January 30, 2019
တိုင်းရင်းသားအလှမယ်များ၏ ငြိမ်းချမ်းရေးစကားသံ
1 / 4
Donate to DVB
မြန်မာနိုင်ငံရှိ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရည်ရွယ်ပြီး သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်ကနေ ၃၀ ရက်အထိ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲတော်ရဲ့ တစိတ်တပိုင်းအနေနဲ့ ကျင်းပတဲ့ Miss Ethnic Myanmar 2019 တိုင်းရင်းသားအလှမယ်ပြိုင်ပွဲမှာ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားဒေသ အသီးသီးက ကိုယ်စားပြုအလှမယ် ၄၁ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဲဒီထဲက အလှမယ်တချို့ရဲ့ မြန်မာပြည်ငြိမ်းချမ်းရေးအပေါ် အမြင်တွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

Miss Ethnic Myanmar 2019 ဆုရှင် ကချင်အလှမယ် M Ja Seng

[caption id="attachment_310741" align="aligncenter" width="266"] ဓာတ်ပုံ - Miss Ethnic Myanmar[/caption] “မြန်မာနိုင်ငံတဝန်းလုံး အနေနဲ့ ကြည့်မယ်ဆိုရင် စစ်ဖြစ်တဲ့နေရာတွေ များနေတယ်ပေါ့နော်။ လက်နက်ကိုင်အဖွဲ့ရယ် ဆိုတာကလည်း ညီမအမြင်ပေါ့နော် တရားမျှတမှု ရှိလို့ရှိရင် ဘယ်သူမှလည်း လက်နက်ကိုင်လာစရာအကြောင်း မရှိဘူး။ အားလုံး တရားမျှတမှုနဲ့ သွားရင်တော့ အဆင်ပြေနိုင်တယ်။ အခုလို စစ်တွေဖြစ်နေတဲ့အပေါ်မှာ တယောက်ကလည်း မလျှော့ဘူး။ တယောက်လည်း တင်းတယ်ဆိုရင်တော့ စစ်ပွဲက အရမ်းကြီး ရှည်ကြာပြီးတော့ ရပ်တန့်ဖို့က ခက်ခဲတယ်ပေါ့နော်။ အဓိကကတော့ အစိုးရအုပ်ချုပ်တဲ့နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် အစိုးရကနေပြီးတော့ တရားမျှမျှတတနဲ့ ဆုံးဖြတ်ပေးနိုင်တဲ့အရာ ဖြစ်မယ်ဆိုရင် အဆင်ပြေမယ်လို့ ညီမက မြင်တယ်။ ပြည်သူတွေအနေနဲ့ကလည်း မဖြစ်နိုင်တဲ့ အရာကြီးကို တောင်းဆိုတဲ့ အနေအထားမျိုးမှာ ဆိုရင်လည်း ဒါ နှစ်ဦးနှစ်ဖက် နားလည်မှုနဲ့ သွားရင်တော့ အဆင်ပြေမယ်လို့ ထင်တယ်။ ဒါပေမယ့် ဒီလို စစ်ပွဲတွေ ဖြစ်ရတာကတော့ တကယ်မကောင်းဘူးပေါ့နော်။ စစ်ပွဲတွေဖြစ်လို့ အပြစ်မဲ့ပြည်သူတွေက ဒုက္ခရောက်ရတာပေါ့နော်။ အပြစ်မဲ့ပြည်သူတွေရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အကုန်လုံး ထိခိုက်နစ်နာရတယ်။ အဲဒါကြောင့် နိုင်ငံတနိုင်ငံမှာ စည်းလုံးညီညွတ်မှု မရှိဘူး၊ စစ်ပွဲတွေပဲ ရှိနေမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ဖို့ကလည်း နှောင့်နှေးကြန့်ကြာမယ်ပေါ့နော်။ အဲတော့ စစ်ပွဲတွေကတော့ မဖြစ်တာ ကောင်းပါတယ်ရှင်။”

မွန်တိုင်းရင်းသားကိုယ်စားပြု အလှမယ် မိချောကလျာစိုး

[caption id="attachment_310742" align="aligncenter" width="258"] ဓာတ်ပုံ - Miss Ethnic Myanmar[/caption] “ကျမတို့နိုင်ငံမှာ စစ်ပွဲတွေတော့ ရပ်တန့်သင့်ပြီလို့ ထင်ပါတယ်။ ဒီပွဲကလည်း ညီမတို့ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်တဲ့ပွဲကိုမှ ညီမတို့ အလှမယ်တွေက နေပြီးတော့မှ နမူနာပြပြီးတော့ လုပ်တဲ့ပွဲလည်း ဖြစ်တယ်ဆိုတော့ပေါ့နော်။ စစ်ပွဲတွေကိုလည်း အမြန်ဆုံး ငြိမ်းချမ်းစေချင်ပါတယ်။ ငြိမ်းချမ်းတာကတော့ အကောင်းဆုံးပဲပေါ့နော်။ လူတဦးနဲ့တဦး အချင်းချင်း သင့်သင့်မြတ်မြတ် နေလိုက်မယ်ဆိုရင် ညီမတို့နိုင်ငံကြီးက တကယ်ကို လှပတဲ့ နိုင်ငံကြီးတခု ဖြစ်လာမယ်လို့ ထင်ပါတယ်။”

ကယားတိုင်းရင်းသား ကိုယ်စားပြု အလှမယ် နှင်းအိလွင်

[caption id="attachment_310743" align="aligncenter" width="269"] ဓာတ်ပုံ - Miss Ethnic Myanmar[/caption] “ပဋိပက္ခဖြစ်စဉ်တွေကိုတော့ ညီမအနေနဲ့ မပြောတတ်ဘူးပေါ့နော်။ သူတို့ ဘာဖြစ်လို့ တိုက်ပွဲဖြစ်ရလဲဆိုတော့ သူတို့ရဲ့ရည်မှန်းချက်ဆိုတာ ရှိမှာပဲပေါ့နော်။ ဒါပေမယ့် အဲလိုမျိုး  ညီမအနေနဲ့ဆိုရင်တော့ စစ်တော့ မဖြစ်စေချင်ဘူးပေါ့နော်။ သူတို့ကို စစ်မဖြစ်စေချင်ဘူး။ တိုင်းပြည် ငြိမ်းချမ်းစေချင်တယ်။ တိုင်းပြည်ငြိမ်းချမ်းမှပဲ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ အစစအရာရာ အဆင်ပြေပြီးတော့ တိုင်းပြည်က တည်တံ့မှာလေ။”
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013