DVB Logo
Home
မြန်မာသတင်း
ကချင်အလှမယ် အမ်ဂျာဆန် Miss Ethnic Myanmar အလှမယ်သရဖူ ဆွတ်ခူး
DVB
·
January 30, 2019
ကချင်အလှမယ် အမ်ဂျာဆန် Miss Ethnic Myanmar အလှမယ်သရဖူ ဆွတ်ခူး
Donate to DVB

ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းမှာ မနေ့ညက ကျင်းပတဲ့ Miss Ethnic Myanmar 2019 အလှမယ်ပြိုင်ပွဲမှာ ကချင်တိုင်းရင်းသား ကိုယ်စားပြုအလှမယ် M Ja Seng က သရဖူဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ဆုကြေးအဖြစ် အလှမယ်ကို ကျောက်မျက်ရတနာ ၈ မျိုးနဲ့လုပ်ထားတဲ့ ရှစ်ပါးရတနာ ရွှေသရဖူကို ချီးမြှင့်ခဲ့သလို ငွေသားဆု ကျပ်သိန်း ၁၅၀ နဲ့ တခြားဆုတွေ ပေးအပ်ခဲ့တာပါ။

 Miss Ethnic Myanmar 2019 အလှမယ် M Ja Seng ဟာ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းရဲ့ သံတမန်အဖြစ် တိုင်းရင်းသားလူမျိုးစုတွေကြားက ရိုးရာ ယဉ်ကျေးမှု၊ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးအတွက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ပထမဆုနဲ့ ဒုတိယဆုကိုတော့ ချင်းအလှမယ်နဲ့ ကယန်းအလှမယ်တို့က အသီးသီး ဆွတ်ခူးရရှိသွားပါတယ်။

ဒီအလှမယ်ပြိုင်ပွဲကို နိုင်ငံတ၀န်း တိုင်းနဲ့ ပြည်နယ်အသီးသမီးက တိုင်းရင်းသား အလှမယ်ပေါင်း ၄၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာပြည် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း အလှမယ်ဆုတွေလည်း အသီးသီးချီးမြှင့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013