DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်းဆက်မလုပ်ဘဲ လျော်ပေးလိုက်ရန် ၀န်ကြီးဟောင်း ဦးစိုးသိန်း တိုက်တွန်း
DVB
·
January 30, 2019
မြစ်ဆုံစီမံကိန်းဆက်မလုပ်ဘဲ လျော်ပေးလိုက်ရန် ၀န်ကြီးဟောင်း ဦးစိုးသိန်း တိုက်တွန်း
Donate to DVB

ပြည်သူအများ ကန့်ကွက်နေတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လက်ရှိအစိုးရအနေနဲ့ မလုပ်ဆောင်စေချင်ဘူးလို့ ယခင်အစိုးရလက်ထက်က နိုင်ငံတော် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောပါတယ်။

ဒီလိုလုပ်ဆောင်တဲ့အတွက် အစိုးရအနေနဲ့ လျော်ကြေးပေးရမယ်ဆိုရင်လည်း တိုင်းပြည်အတွက် လျော်ပေးလိုက်ဖို့သာ လုပ်ဆောင်စေလိုတယ်လို့လည်း ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးနားချိန်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ဦးစိုးသိန်းက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့  သူရဲ့သဘောထားကိုပြောသွားတာပါ။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို စစ်အစိုးရလက်ထက်က တရုတ်ကုမ္ပဏီတခုနဲ့ အကျိုးတူ လုပ်ဆောင်ဖို့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် ဦးသိန်းစိန်အစိုးရလက်ထက်မှာ  စီမံကိန်းကို ဆက်မလုပ်ပဲ ယာယီရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ ပြန်လည်ကြိုးစားလာမှုတွေ ရှိနေတာကြောင့် ပြည်သူတွေက စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

အန်အယ်လ်ဒီအစိုးရရဲ့ မြစ်ဆုံစီမံကိန်းအပေါ် ထားရှိတဲ့ သဘောထားဟာ ပြည်သူတွေနဲ့ ထပ်တူရှိတယ်လို့ အန်အယ်လ်ဒီပါတီ ဒုဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ထုတ်ဖော် ပြောထားပါတယ်။

အစိုးရအနေနဲ့လည်း မြစ်ဆုံစီမံကိန်းအပေါ် စနစ်တကျစိစစ်အဖြေရှာဖို့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပြီး အဲဒီကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် မူတည်ကာ လွှတ်တော်ရဲ့ သဘောထားနဲ့ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတယ်လို့ အစိုးရ တာဝန်ရှိသူ တဦးက ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013