DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတံတား (အင်းဝ) ပေါ်မှခုန်ချသည့် သားအဖနှစ်ဦးကို ရှာဖွေဆဲ
DVB
·
January 29, 2019
စစ်ကိုင်းတံတား (အင်းဝ) ပေါ်မှခုန်ချသည့် သားအဖနှစ်ဦးကို ရှာဖွေဆဲ
Donate to DVB

စစ်ကိုင်းမြို့၊ စစ်ကိုင်းတံတား (အင်းဝ) ပေါ်ကနေ ဖခင်ဖြစ်သူက အသက် ၄ နှစ်အရွယ် သမီးငယ်ကို ကျောပိုးပြီး ဧရာဝတီမြစ်အတွင်း ခုန်ချခဲ့မှု ဇန်နဝါရီ ၂၇ ရက် နေ့က ဖြစ်ပွားခဲ့ပါတယ်။

ဇန်န၀ါရီ ၂၇ ရက်နေ့ မနက်ပိုင်းက ၄ နှစ်အရွယ် သမီးငယ်ကို ကျောပိုပြီး ဖခင်က ဧရာဝတီမြစ်ထဲ ခုန်ချခဲ့တာလို့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက် ၄ နှစ်သမီးငယ်မှာ မျက်လုံးကင်ဆာရောဂါ ဝေဒနာရှင်တဦးဖြစ်ပြီး    မျက်လုံးကင်ဆာ ရောဂါခွဲစိတ်ဖို့ ၁ ရက်အလိုမှာ ဖခင်နဲ့ သမီးပါ ၂၇ ရက်နေ့က ပျောက်ဆုံးနေကြောင်းနဲ့ တွေ့ရှိပါက ဆက်သွယ်ပေးဖို့လည်း မိသားစုဝင်တွေက ကြေညာထားပါတယ်။

ဖခင်ဖြစ်သူဟာ ဦးစိုးမင်းသိန်းဖြစ်ပြီး သမီးမဖြူစင်သွယ် ဖြစ်ပါတယ်။ သမီး မဖြူစင်သွယ် မျက်​လုံးကင်​ဆာ​ရောဂါနဲ့ ခွဲစိတ်ရန်အလိုမှာ ဖခင်​ဖြစ်​သူမှာ သမီးဖြစ်​သူနဲ့အတူ (၂၇.၁.၂၀၁၉) မနက်​ပိုင်းက နေအိမ်​ကထွက်​ခွာသွားပြီး စစ်​ကိုင်းတံတား​ဟောင်း​ပေါ်က ခုန်​ချ​သေ​ကြောင်း ကြံသွားတယ်လို့လည်း သတင်းမီဒီယာတွေမှာ ​ဖော်​ပြထားပါတယ်။

တကယ်လို့ ရုပ်​အ​လောင်းဖြစ်​​စေ၊ လူကိုယ်​တိုင်​​တွေ့ရှိသည်​ဖြစ်​​စေ ဆက်​သွယ်​​ပေးကြဖို့ ​မေတ္တာရပ်​ခံ​ထားပါတယ်။

အခုချိန်ထိ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

“အခုချိန်ထိ မတွေ့သေးဘူးရှင့်။ ၂၇ ရက်နေ့ မနက်ခင်းကတည်းက ပျောက်နေတာလေ။  အခုလည်း ရှာဖွေနေတုန်းပဲ။ ”

ဒီသားအဖ နှစ်ဦးကို ရှာဖွေမှုတွေ လုပ်ဆောင်နေတဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့. စစ်ကိုင်း SERT အဖွဲ့မှ ကိုစိုးမိုးက “ဟုတ်ကဲ့၊ ကျေန်ာတို့ ဒီနေ့ လှေ ၂ စီးနဲ့ လူ ၁၁ ယောက်ပေါ့ ၊ နောက်မှန်ဘီလူးနဲ့ ရေပြင်မှာ၊ ရေငုပ်တာတော့ မဟုတ်တော့ဘူးခင်ဗျာ။ လှေနဲ့ပဲ ဧရာဝတီမြစ် စစ်ကိုင်းကြောင်းကို စုန်ဆန်ရှာနေပါတယ်။ အခုချိန်ထိတော့ မတွေ့သေးပါဘူးဗျာ။ ”

အဆိုပါသားအဖနှစ်ဦးဟာ မန္တလေးမြို့ ကန်ပတ်လမ်း ၀ါဆိုကျောင်းတိုက်အနီးမှာ နေထိုင်တာဖြစ်ပါတယ်။

ဒီပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး မန္တလေး အရမပူရ ရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှု ဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013