DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 29, 2019
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၆၅၇၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

အောင်လံ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို တအိတ်ကို ၆၃၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၂၇၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ အဟောင်းက တအိတ်ကို ၇၃၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးပွဲ စားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီအသစ်က တအိတ်ကို ၈၃၀၀၀ ကနေ ၈၄၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၀၅၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲတီစိမ်း

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲတီစိမ်းက ၅၆.၂၅ ပိဿာဝင် တအိတ်ကို ၁၀၅၀၀၀ ကနေ ၁၀၇၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

အောင်လံကုန်စ်ညဒိုင်မှာတော့ တအိတ်ကို ၁၀၅၀၀၀ ပေါက်ဈေးရှိပြီး မနေ့က ဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ မန္တလေးနဲ့အောင်လံ ကုန်စည်ဒိုင် တအိတ်ကို ၂၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲထောပတ်

မန္တလေးကုန်စည်ဒိုင်မှာ ထောပတ်ပဲက ၅၆.၂၅ ပိဿာဝင် တအိတ်ကို ၁၀၇၀၀၀ ကနေ ၁၁၅၀၀၀ ပေါက်ဈေးရှိပြီးတအိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မကွေးကုန် စည်ဒိုင်မှာတော့ တအိတ်ကို ၁၁၄၀၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၃၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၆၀၀၀၀ ကနေ ၁၇၃၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၆၅၀၀၀ ကနေ ၁၇၈၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေး နဲ့မကွေးကုန်စည်ဒိုင် တအိတ်ကို ၅၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေးကုန်စည်ဒိုင်မှာ နှမမ်းညိုက တအိတ်ကို ၁၅၇၀၀၀ ကနေ ၁၅၈၀၀၀ ပေါက်ဈေးရှိပြီးတအိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မကွေးကုန် စည်ဒိုင်မှာတော့ တအိတ်ကို ၁၅၇၀၀၀ ပေါက်ဈေးရှိပြီး မန္တလေး နဲ့မကွေးကုန်စည်ဒိုင် တအိတ်ကို ၁၀၀၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013