DVB Logo
Home
မြန်မာသတင်း
နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားအတွက် စစ်ရေးပြ အစမ်းလေ့ကျင့်
DVB
·
January 29, 2019
နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားအတွက် စစ်ရေးပြ အစမ်းလေ့ကျင့်
Donate to DVB

နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားအတွက် စစ်ရေးပြ အစမ်းလေ့ကျင့်တာတွေ ဒီကနေ့ ပြုလုပ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟို အဆင့်အနေနဲ့  ဘားအံခရိုင် တပ်မဟာ ၇ ဌာနချုပ်စစ်ရေးပြကွင်းမှာ ဇန်နဝါရီ ၃၁ ရက်နေ့ ကရင့်တော်လှန်ရေးနေ့ ကျင်းပပြုလုပ်နိုင်ဖို့ အစမ်း စစ်ရေးပြ လေ့ကျင့်တာပါ။

ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (အန်စီအေ) စာချုပ်မှ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရဲ့ ထိပ်ပိုင်းခေါင်းဆောင် တက်ရောက်ဖို့ ရှိပါတယ်။ ဒါ့အပြင် အန်စီအေ မထိုးရသေးတဲ့အဖွှဲအချို့က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေလည်း အဲဒီနေ့ အခမ်းအနားကို တက်ရောက်နိုင်ဖို့ ဖိတ်ကြားထားပါတယ်။

ကေအန်ယူဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ စတင်ခဲ့တာပါ။ အဲဒီနေ့ကို ကရင့်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013