DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး အရေးကြီးအဆို လုပ်ထုံးလုပ်နည်း လွဲမှားနေဟု တပ်မတော်သားကိုယ်စားလှယ် ပြော
DVB
·
January 29, 2019
ဖွဲ့စည်းပုံပြင်ရေး အရေးကြီးအဆို လုပ်ထုံးလုပ်နည်း လွဲမှားနေဟု တပ်မတော်သားကိုယ်စားလှယ် ပြော
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်ရေး လုပ်ငန်းတွေကို စောလျင်စွာလုပ်ဆောင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ်ဖွဲ့စည်းဖို့ အရေးကြီးအဆိုကို ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းထားတယ်လို့ လွှတ်တော်နာယက ဦးခွန်မြတ်က ပြောပါတယ်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန်က အရေးကြီးအဆိုတရပ် တင်သွင်းထားတာလို့ ဆိုပါတယ်။

“၂၀၁၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်းဖြစ်ပါတယ်။    အရေးကြီးအဆို တင်သွင်းခြင်းနဲ့ လက်ခံဆွေးနွေးဖို့ သဘောတူညီချက်ရယူရေးအစီအစဉ်ကို ယနေ့ပုံမှန်အစည်းအဝေးအစီအစဉ်မှာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေညာပါတယ်။”

လွှတ်တော်နာယက ဦးတီခွန်မြတ် ကြေညာချက်အပြီးမှာ တပ်မတော်သား ကိုယ်စားလှယ်တဦးက လုပ်ထုံးလုပ်နည်းအရ လွဲမှားနေတယ်လို့ ယူဆတဲ့အတွက် စဉ်းစားဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“အဓိကကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် ပေးထားတဲ့ လုပ်ထုံးလုပ်နည်းတွေအရ လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၂၀ ဦး လက်မှတ်ထိုးထားတဲ့ ဥပဒေမူကြမ်းကို တင်သွင်းပြီးတော့မှ လုပ်ထုံးလုပ်နည်းနဲ့ ဆက်ပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ အခုက ကော်မတီဖွဲ့လိုက်တယ်ဆိုတော့ ဘယ်ဟာတွေကို ပြင်မှာလဲ၊ ဘာတွေကို ပြင်ဖို့အတွက် တင်သွင်းမှာလဲဆိုတဲ့ အကြောင်းအရာကို ဘာမှမသိရပါဘူး။ ပြင်မယ့်ဟာကို ဥပဒေမူကြမ်းအဖြစ်နဲ့ တင်သွင်းပြီးတော့မှာသာလျှင် ဒါကို ဆက်စပ်လေ့လာပြီးတော့မှ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းအရ လွဲမှားနေတယ်လို့ ယူဆတဲ့အတွက် စဉ်းစားဆောင်ရွက်ပေးဖို့ တင်ပြအပ်ပါတယ်။"

ဒီအပေါ်မှာလည်း ဦးတီခွန်မြတ်က အဆိုရှင် ဦးအောင်ကြည်ညွန့် တင်ပြလာတာကို နားထောင်ပြီးမှ ကန့်ကွက်တင်ပြနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013