Home
မြန်မာသတင်း
လက်နက်ကြီးများ ကျရောက်သဖြင့် သမီးလှကျေးရွာ ရွာလုံးကျွတ် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရ
DVB
·
January 29, 2019
မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် (အေအေ) တို့ ရသေ့တောင်မြို့နယ် အုန်းတောချောင်းနဲ့ သမီးလှကျေးရွာအနီးတဝိုက်မှာ မနေ့က ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာလုံးကျွတ် ကြောက်လန့်ပြီး ရွာနဲ့ မနီးမဝေးက ဘုန်းတော်ကြီးမှာ သွားရောက်ခိုလှုံနေကြပါတယ်။ အဲဒီလို နှစ်ဖက်ကြားတိုက်ပွဲတွေ တင်းမာနေမှုကြောင့် ရွာထဲက နေအိမ်တွေအတွင်း လက်နက်ကြီးတွေ ကျရောက်ပြီးတော့ နေအိမ်တွေ ပျက်စီးသွားသလို ရွာသားတချို့လည်း ဒဏ်ရာတွေရသွားတယ်လို့ သမီးလှကျေးရွာ ကျောင်းထိုင်ဆရာတော်က ဒီဗွီဘီကို ပြောပါတယ်။ မနေ့က တိုက်ပွဲတွေဖြစ်ပွားမှုကြောင့် လက်နက်ကြီးကျည်တွေ ကျရောက်မှုကြောင့် ဒဏ်ရာရသွားသူတွေကိုတော့ သူတို့တည်းခိုနေတဲ့ နေရာတွေမှာပဲ ဆေးကုသမှု ခံယူနေကြတယ်လို့ သိရပါတယ်။ ဒ့ါအပြင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး ကျရောက်မှုကြောင့် သမီးလှကျေးရွာက ကျောင်းသားငယ်တဦး မနေ့က အသက်ဆုံးရှုံးသွားပါတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့အထိ တပ်မတော်က သမီးလှကျေးရွာ- အုန်းချောင်ကျေးရွာတွေ တလျှောက် စစ်ကြောင်းလှည့်လည်နေတာလည်း တွေ့ခဲ့ရပါတယ်။ သမီးလှကျေးရွာမှာ အိမ်ထောင်စု ၈၅ စု၊ လူဦးရေ ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ သတင်း-ဓာတ်ပုံ- ဝဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024