DVB Logo
Home
Lead Story
ရေမြေ၊ ဘာသာစကား၊ ယဉ်ကျေးမှု မတူတာတွေကို နားလည်မှုနဲ့သွားရင် အဆင်မပြေစရာမရှိဘူး - ကချင်အလှမယ်
DVB
·
January 29, 2019
ရေမြေ၊ ဘာသာစကား၊ ယဉ်ကျေးမှု မတူတာတွေကို နားလည်မှုနဲ့သွားရင် အဆင်မပြေစရာမရှိဘူး - ကချင်အလှမယ်
Donate to DVB

မြန်မာနိုင်ငံရှိ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရည်ရွယ်ပြီး  မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကနေ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ဆိုတဲ့ခေါင်းစဉ်နဲ့ ပွဲတော်ကို လာမယ့်ဇန်န၀ါရီလ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ရန်ကုန်မြို့မှာ စတင်ကျင်းပနေပါတယ်။

အဲဒီပွဲတော့်ရဲ့ တစိတ်တပိုင်းအနေနဲ့ MISS Ethnic Myanmar တိုင်းရင်းသား အလှမယ်ရွေးပွဲလည်း ပြုလုပ်နေပါတယ်။

လတ်တလောမှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက တိုင်းရင်းသားအသီးသီးက ကိုယ်စားပြုအလှမယ် ၄၁ ယောက် ပါဝင်ယှဉ်ပြိုင်နေကြတာဖြစ်ပြီး အဲဒီထဲက ကချင်တိုင်းရင်းသားကိုယ်စားပြု အလှမယ် M Ja Seng ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ဒီ Miss Ethnic Myanmar မှာ ပါဝင်ယှဉ်ပြိုင်ရတာနဲ့ပတ်သက်လို့ ပြောပြပေးပါဦး။

ဖြေ။ “Miss Ethnic Myanmar ကတော့ပေါ့နော်။ သူက တခြားပွဲတွေနဲ့မတူဘူး။ တိုင်းရင်းသား ပွဲဖြစ်တယ်ပေါ့နော်။ တိုင်းရင်းသားပွဲဖြစ်တဲ့အညီ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ထုတ်ဖော်ပြသခွင့်ရမယ်။ တယောက်နဲ့တယောက် sharing လုပ်ခွင့်ရမယ်။  ကိုယ့်မတူညီတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ သူတို့ရဲ ရိုးရာယဉ်ကျေးမှုတွေကိုလည်း သိခွင့်ရမယ်။ အဲဒီအကျိုးကျေးဇူးတွေလည်း အများကြီးရမယ်ပေါ့နော်။ ပြီးလို့ရှိရင် ဒီပွဲရဲ့ အဓိကရည်ရွယ်ချက်က တိုင်းရင်းသားစည်းလုံး ညီညွတ်ပြီးတော့ Tourism မြှင့်တင်ရေးပေါ့နော်။ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် အဓိကလုပ်တဲ့ပွဲ ဖြစ်တဲ့အတွက်ကြောင့်  အဲဒါတွေကို ညီမသဘောကျတယ်။ စိတ်လည်းဝင်စားတယ်။ တကယ်ချစ်မြတ်နိုးတယ်။ တကယ် ကိုယ့်နိုင်ငံမှာ ရှိတဲ့ တိုင်းသားမျိုးနွယ်စု အားလုံးရဲ့ ရိုးရာယဉ်ကျေးမှုအားလုံးကို ချစ်မြတ်နိုးတဲ့အနေနဲ့ ပြီးတော့ ညီမအနေနဲ့ ကချင်တယောက်ဖြစ်တဲ့ အတွက်ကြောင့် ကချင်အားလုံးကိုယ်စား ဒီပွဲကို ယှဉ်ပြိုင်သင့်တယ်ထင်လို့ ပါဝင်ဖြစ်တာပါ။ ”

မေး။ ဒီပြိုင်ပွဲပါဝင်ရခြင်းအားဖြင့် ဘာအတွေ့အကြုံတွေရလဲ။

ဖြေ။ “မတူညီတဲ့ဒေသက လာကြတယ်။ အားလုံးက ညီအစ်မတွေ ချစ်ချစ်ခင်ခင်နေရတယ်။ ပြီးလို့ရှိရင် Team work ပေါ့နော်။ အယောက် ၄၁ ယောက်တောင် ဖြစ်တဲ့အတွက်ပေါ့ တခြားပွဲတွေနဲ့ မတူဘူး။ တခြားပွဲတွေဆိုရင် အယောက် ၂၀ - ၂၅ ယောက်အများဆုံးပဲ။ ဒီပွဲမှာ လူတွေ အများကြီးပဲ၊ ပြီးတော့ ရိုးရာတွေအများကြီးပဲ။ ကိုယ်သိတာက ရိုးရိုးရှင်းရှင်းပဲ တိုင်းရင်းသား ၈ မျိုးရှိတယ်။ အဲလောက်ပဲ သိခဲ့တာပေါ့နော်။ ဒါပေမယ့် ၁၃၅ မျိုးတောင် မြန်မာနိုင်ငံမှာ ရှိတဲ့ အထဲမှာမှ ကိုယ်တကယ်၊ ကိုယ့်နဲ့ လက်လှမ်းမမှီတဲ့ ကိုယ်မသိတဲ့ အခြားမျိုးနွယ်စုတွေပါ ပါလာတယ်ဆိုတော့ အတွေ့အကြံသစ်တွေ တကယ် ဒီပွဲကနေ အများကြီးရတယ်။”

  မေး ။ မြန်မာနိုင်ငံတွင်းမှာ မတူညီတဲ့ရေမြေ၊ ဓလေ့ထုံးတမ်းတွေကနေတဆင့် ဘယ်လိုမျိုး အတူတကွ နေထိုင်လို့ ရနိုင်တယ်လို့ ထင်ပါလဲ။

ဖြေ။ “ညီမပြောချင်တာကတော့ relationship တခုမှာ သူငယ်ချင်း၊ မိတ်ဆွေ၊ သမီးရည်စားရှိမယ်။ မိဘညီကိုမောင်နှမရှိမယ်။ ဘယ်ဘောင်ထဲကမဆို တယောက်နဲ့တယောက် နားလည်မှုနဲ့ သွားလို့ရှိရင်တော့ အဆင်ပြေနိုင်တယ်ပေါ့နော်။ ရိုးရာမတူ၊ ယဉ်ကျေးမှုမတူ၊ လာတဲ့ နယ်မြေမတူ အဲဒီအတွက် အဆင်မပြေတဲ့ ကဏ္ဍ အပိုင်းတွေရှိမယ်။ ဒါပေမယ့်လည်း တယောက်နဲ့တယောက်နား လည်ပြီးတော့ တယောက်လိုအပ်တာတွေကို တယောက်ဖေးမမယ်။ အဲဒါဆိုရင်တော့ အဆင်မပြေနိုင်စရာ အကြောင်းမရှိဘူးပေါ့နော်။ အဓိက နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ relationship တွေအားလုံးက အဆင်ပြေနိုင်တယ်။ အဲဒါကြောင့် ညီမ တို့တွေလည်း  လုံးဝမတူတဲ့ ရေမြေမတူ၊ ပြောတဲ့ဘာသာစကားမတူဘူး။ သူတို့ရဲ့ ယဉ်ကျေးမှု မတူဘူး။ ဒါပေမယ့် အဲဒါကို နားလည်မှုနဲ့ သွားမယ်ဆိုရင်တော့ အဆင်မပြေနိုင်စရာ အကြောင်းမရှိပါဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013