DVB Logo
Home
မြန်မာသတင်း
ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သပ်ရေးကော်မရှင်အဖွဲ့ဝင် အစားထိုးခန့်အပ်မှု တပ်မတော်ကိုယ်စားလှယ် ကန့်ကွက်
DVB
·
January 29, 2019
ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သပ်ရေးကော်မရှင်အဖွဲ့ဝင် အစားထိုးခန့်အပ်မှု တပ်မတော်ကိုယ်စားလှယ် ကန့်ကွက်
Donate to DVB

ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်တဦး အစားထိုးခန့်အပ်မှုကို တပ်မတော်သားကိုယ်စားလှယ်တဦးက ကန့်ကွက်ခဲ့လို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းဝေးမှာ လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးတင်ထွေး (ဝေါမဲဆန္ဒနယ်) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့်ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့တဲ့အတွက် ၎င်းနေရာတွင် ဦးအောင်တင်လင်း နတ်မောက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား အဖွဲ့ဝင်အဖြစ် အစားထိုး ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးနဲ့ပတ်သက်လို့ လွှတ်တော်က သဘောတူမတူ မေးမြန်းခဲ့တာပါ။

တပ်မတော်သားကိုယ်စားလှယ် မျိုးထက်ဝင်းက “ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈ အရ စက်ခလုတ်အသုံးပြုပြီး မဲခွဲဆုံးဖြတ်ပေးပါရန် တင်ပြအပ်ပါတယ်ခင်ဗျ။ အဖွဲ့ဝင်တဦး လဲလှယ်အစားထိုးတဲ့အခါမှာ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေများအရ လွှတ်တော်ရဲ့ သဘောတူညီချက်ကို ရယူရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော့်ရဲ့ သဘောဆန္ဒအရ ဒီဟာကို ကန့်ကွက်ခဲ့တဲ့အတွက်ကြောင့် စက်ခလုတ်အသုံးပြုခွင့်ပေးဖို့ တောင်းခံရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

တပ်မတော်သားကိုယ်စားလှယ်က ကန်ကွက်ခဲ့တဲ့အတွက် မဲခွဲဆုံးဖြတ်ရာမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၅၉၈ ဦး ရှိတဲ့ထဲက ထောက်ခံမဲ ၃၈၅ မဲ၊ ကန့်ကွက်မဲ ၁၈၇၊ ကြားနေမဲ ၁၂ မဲဖြစ်တာကြောင့် ပြည်သူ့လွှတ်တော်က အဆိုပြုထားတဲ့ ဦးအောင်တင်လင်းအား အစားထိုးခန့်အပ်မှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013