DVB Logo
Home
မြန်မာသတင်း
ရသေ့တောင် သမီးလှရွာသစ်က လက်နက်ကြီးကျည်စမှန်သည့် ကလေးငယ် ကွယ်လွန်
DVB
·
January 29, 2019
ရသေ့တောင် သမီးလှရွာသစ်က လက်နက်ကြီးကျည်စမှန်သည့် ကလေးငယ် ကွယ်လွန်
Donate to DVB

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှရွာသစ်က လက်နက်ကြီးကျည်အစ မှန်တဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ် မောင်နိုင်စိုး ကွယ်​လွန်​သွားပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းက ​အေ​အေနဲ့ တပ်​မ​တော်တို့​ တိုက်​ပွဲဖြစ်​ပွားမှု​ကြောင့် ရွာထဲကို လက်နက်ကြီးကျည်ဆန်ကျရာမှ ဦး​ခေါင်းမှာဒဏ်​ရာရှိခဲ့တဲ့​ အသက် ၇ နှစ်ကလေး မောင်နိုင်စိုး ရန်​ကုန်​​ဆေးရုံကိုအသွား ​ကျောက်​​တော်​မြိုနယ်​အ​ရောက်​မှာ ကွယ်​လွန်​သွား​ပါတယ်။

စစ်​​တွေလူမူကူညီ​ရေးအဖွဲ့မှာ ဆရာဦးသန်းထွန်းက မောင်နိုင်စိုးဟာ ပြီးခဲ့တဲ့ စနေနေ့က ရသေ့တောင်ကနေ စစ်တွေဆေးရုံကို ရောက်ရှိကုသခဲ့ရာ ဒဏ်ရာပြင်းထန်လို့ ရန်ကုန်ပို့ဆောင်ချိန်မှာ ကွယ်လွန်သွားတာလို့ ပြောပါတယ်။

“ကလေးငယ် ရန်ကုန်သို့ အမြန်ဆုံးရောက်ရှိနိုင်ရေး၊ ရန်ကုန် ရောက်လျင် ဆေးရုံ တက်ရောက်နိုင်ရေးကို ရန်ကုန်သို့ချိတ်ဆက်ပြီး အစစ စီစဉ်ထားပေးခဲ့ကြပါတယ်​။ သို့သော် က​လေးကံဆိုးခဲ့ပါတယ်။ ရန်ကုန်အပို့ ကျောက်တော်မြို့နယ်အနီးအရောက် ည ၈ နာရီခန့်​မှအချိန် ကားပေါ်၌ သေဆုံးသွားခဲ့ပါပြီ။ ခု စစ်​​တွေကို ပြန်​သယ်​လာပါပြီ။ က​လေးရဲ့ အ​ဖေဖြစ်​သူကလည်း အလွန်​ပင်​ပန်းပြီး သတိလစ်​​နေပါတယ်​။ အ​ဖေ သတိပြန်​ရမှ ဘယ်​မှာ သင်္ဂြိုဟ်​မလဲ သူအ​ဖေဆန္ဒအတိုင်း ကျနော်​တို့ ကူညီသွားမှာပါ။"

ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းက သမီးလှရွာသစ်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် အသက် ၇ နှစ်အရွယ် မောင်နိုင်စိုး အပါအ၀င် ကျေးရွာသား ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မောင်နိုင်စိုးဟာ နေအိမ်အတွင်း မိသားစုနဲ့အတူ မီးလှုံနေစဉ် လက်နက်ကြီး ကျည်ဆန်အစ ထိမှန်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013