ပီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ပါကစ္စတန်နိုင်ငံ ကေဘာ အေဂျင်စီ ဒေသက စာသင်ကျောင်း ၂ ကျောင်းကို တာလီဘန် စစ်သွေးကြွတွေက ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ပါတယ်။
ကလေးသူငယ်ကာကွယ်ရေး အန်ဂျီအိုအဖွဲ့ ၁ ဖွဲ့ရဲ့ မကြာခင်က ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ တနှစ်တည်းမှာ အဲဒီခရိုင်ထဲက ကျောင်းပေါင်း ၇၀၀ ဟာ တာလီဘန်တွေလက်ချက်နဲ့ ပြိုကျပျက်စီးခဲ့ ရတယ်လို့ ဆိုပါတယ်။ ဒီလို အခြေအနေကြောင့် မွတ်စလင် ကျောင်းဆရာတွေဟာ ကျန်နေသေးတဲ့ ကျောင်းတွေမှာ စာမသင်ရဲအောင် ကြောက်လန့်နေကြပါတယ်။ ဒေသထဲက ခရစ်ယာန်အမျိုးသမီးတွေကိုပဲ ကျောင်းတွေမှာ စာသင်ဖို့ ငှားထားကြပါတယ်။
ခရိုင်ရဲ့မြို့တော်ကနေ ၂၄ မိုင်ကျော်ဝေးတဲ့ လန်ဒီ ကိုတယ်လ် မြို့ကနေ ပေးပို့ထားတဲ့ မူဒက်စ်စာဆာရဲ့ သတင်းဆောင်းပါး အရဆိုရင် ခရစ်ယာန် ကျောင်းဆရာမတွေအတွက်ကလည်း အန္တရာယ်များလွန်း ပါတယ်။











