DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်ခွင့် ဘာသာရပ်နှင့်တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ်ခွင့်ရရေး ဆောင်ရွက်နေ
DVB
·
January 29, 2019
တက္ကသိုလ်ဝင်ခွင့် ဘာသာရပ်နှင့်တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ်ခွင့်ရရေး ဆောင်ရွက်နေ
Donate to DVB

တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာအထက်တန်းစာမေးပွဲရမှတ်နဲ့ စိစစ်ဆုံးဖြတ် ရွေးချယ်ခြင်းမဟုတ်ဘဲ တက်ရောက်လိုတဲ့ တက္ကသိုလ်ရဲ့ ပဋိညာဉ်စာတမ်းနှင့်အညီ စိစစ်ရွေးချယ်သည့် စနစ်ထားရှိရေး ပြဋ္ဌာန်းချက်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ ဆောင်ရွက်နေတယ်လို့ ပညာရေး ၀န်ကြီးက ပြောကြားလိုက်ပါတယ်။

မနေ့ကကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကျိုက်မရော မဲဆန္ဒနယ်မှ ဦးစောကျော်ဝင်းမောင်က အခြေခံပညာ ၁၀ တန်းစာမေးပွဲရမှတ်နဲ့ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်တာကြောင့် အခြေခံပညာကလေးတွေရဲ့ လက်တွေ့ဘ၀ဖွံ့ဖြိုးမှုကို ထိခိုက်နေတဲ့အပေါ် ပြောင်းလဲဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တာပါ။

ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “တက္ကသိုလ်ဝင်ခွင့်နှင့်စပ်လျဉ်း၍ အမျိုးသားပညာရေးဥပဒေ အခန်း (၃) ပုဒ်မ ၄ တွင် တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့်တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ် လျှောက်ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာအထက်တန်းစာမေးပွဲရမှတ်ဖြင့်သာ စိစစ်ဆုံးဖြတ် ရွေးချယ်ခြင်းမဟုတ်ဘဲ တက်ရောက်လိုသည့် တက္ကသိုလ်၏ ပဋိညာဉ်စာတမ်းနှင့်အညီ စိစစ်ရွေးချယ်သည့် စနစ်ထားရှိရေး ဟုပြဋ္ဌာန်းပြီးဖြစ်သဖြင့် အဆိုပါပြဋ္ဌာန်းချက်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း။” ပြန်လည်ဖြေကြားခဲ့ပါတယ်။

တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးမှုကို လက်ရှိ တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့က တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်နှင့်အညီ တက္ကသိုလ်ဝင်ခွင့်စနစ် ပြုပြင်ပြောင်းလဲမှုအရ အချို့တက္ကသိုလ်တွေက သတ်မှတ်ချက်နဲ့အညီ ဝင်ခွင့်စစ်ဆေးတာ၊ လူတွေ့စစ်ဆေးတာ၊ အချို့အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်တွေက ဝေးလံခက်ခဲသော ဒေသတွေအတွက် ကျား/မ အချိုးညီမျှမှုအတွက် Quota စနစ်နဲ့ သတ်မှတ်ရွေးချယ်နေတယ်လို့ ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ဗြိတိန်နိုင်ငံ Open University နဲ့ ပူးပေါင်းပြီး လုပ်ငန်းခွင် ဝင်ရောက်မှုနှင့် ပိုမိုဆက်နွှယ်ဆက်စပ်မှုရှိတဲ့ ပညာရပ်နယ်ပယ်တွေကို အခြေခံပညာအထက်တန်း အဆင့်အောင်မြင်တဲ့ ကျောင်းသား/သူတွေ သင်ကြားသင်ယူမှုအခွင့်အလမ်း ပိုမိုရရှိရေးအတွက်လည်း ညှိနှိုင်းဆွေးနွေးကြောင်း ၀န်ကြီးက ပြောပါတယ်။

ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေအရ အခြေခံပညာကဏ္ဍမှာ ကျောင်းသား/သူများရဲ့ လက်တွေ့ဘဝဖွံ့ဖြိုးမှုအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိရေးနဲ့ တစ်သက်တာ သင်ယူမှုအခွင့်အလမ်းတွေ ပိုမိုရရှိအတွက် ဦးတည်ကြိုးပမ်းပြုပြင်ပြောင်းလဲနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013