DVB Logo
Home
Lead Story
“တရားမျှမျှတတနဲ့ အမြန်ဆုံး စစ်ဆေးဖို့ ကြိုးစားမယ်” အန်အယ်လ်ဒီပြောခွင့်ရသူနှင့် မေးမြန်းချက်
DVB
·
January 28, 2019
“တရားမျှမျှတတနဲ့ အမြန်ဆုံး စစ်ဆေးဖို့ ကြိုးစားမယ်” အန်အယ်လ်ဒီပြောခွင့်ရသူနှင့် မေးမြန်းချက်
Donate to DVB

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်ကြားခံထားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပါတီတာဝန်ရှိသူတွေက ကိုင်တွယ်စစ်ဆေးနေတဲ့ နောက်ဆုံးအခြေအနေကို သိရဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်း ထားပါတယ်။  

မေးမြန်းချက် အပြည့်အစုံ---

မေး- တနင်္သာရီတိုင်းဝန်ကြီးချုပ် တိုင်ကြားခံထားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဦးစားပေးစစ်ဆေး သွားမယ်လို့ သိရတယ်ခင်ဗျ။ ဘယ်လိုမျိုး ဆောင်ရွက်သွားမလဲဆိုတ အပြည့်စုံလေး ဖြေကြားပေးပါ ခင်ဗျ။

ဖြေ- “ကျနော်က လုပ်ထုံးလုပ်နည်းအတိုင်းပဲလုပ်မှာ ပထမဦးဆုံး တိုင်ကြားတဲ့သူတွေကို ခေါ်မယ် သူတို့ပြောထားတဲ့ တိုင်ကြားတဲ့အချက်တွေထဲက ဘယ်လိုအထောက်ထားတွေရှိလဲ ဆိုတာကို ကျနော်တို့ ကြည့်မယ်။ အရှေ့နောက် ဆက်စပ်မှုရှိလား၊ ခိုင်မာရဲ့လား၊ အဲဒီဟာမှာမှ ဘယ်အချက်လက်တွေကတော့ တိုင်ကြားခံရသူက လိုမလဲဆိုတာကို ဆုံးဖြတ်မယ်။ အကယ်၍ ခိုင်လုံတဲ့ အထောက်ထားမရှိဘူး ဆိုရင်တော့ ကျနော်တို့ တိုင်ကြားခံရသူကို ဆက်လက်ပြီး စစ်ဆေးပါဦးမယ်။ အကယ်၍ ဖြေရှင်းဖို့အချက်အလက် ပေါ်ပေါက်တယ်ဆိုရင်တော့ ကျနော်တို့ ခေါ်မယ် ခေါ်ပြီးတော့ မေးမြန်းမယ်။ တိုင်ကြားတဲ့သူကရော တိုင်ကြားခံရတဲ့သူကရော မိမိတို့ ပြောဆိုချက်တွေမှန်ကန်ကြောင်းကို သက်သေပြခွင့်ရှိပါတယ်။ သူတို့ပြတဲ့ သက်သေကိုလည်း ကျနော်တို့စစ်ပါတယ်။ ပြီးတော့မှ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို အစီရင်ခံစာတင်တာပါ။

မေး - အခုစတင် စစ်ဆေးနေပြီလား ဘယ်သူတွေကိုစစ်ဆေးပြီးသွားပြီလဲခင်ဗျ။

“အဲဒီကိစ္စတော့ ကျနော်မပြောချင်ဘူးခင်ဗျ။ မီဒီယာမှာ အခုကိစ္စနဲ့ပတ်သက်ပြီး လူထု သိပ်စိတ်ဝင်စားမှုများလွန်းလို့ အမှန်တရားဖော်ထုတ်တဲ့နေရာမှာလည်း ရိုက်ခတ်မှုရှိနိုင်တယ်ခင်ဗျ။ ကျနော်တို့ကတော့ အဖြစ်နိုင်ဆုံး အမှန်ကန်ဆုံးလုပ်သွားမှာပါ။”

မေး - တိုင်ကြားခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပါတီအနေနဲ့ အရေးယူဆောင်ရွက်သွားမှာလား ဒါမှမဟုတ် တခြားဘယ်လို နည်းလမ်းတွေနဲ့ အရေးယူဆောင်ရွက်သွားမှာလဲခင်ဗျ။

ဖြေ - “အဖြေပေါ်မှ မပေါ်သေးပဲဗျာ နော် ပါတီစည်းကမ်းနဲ့ဆိုလည်း ပါတီစည်းကမ်းနဲ့အညီ ပေါ့ ပါတီစည်းကမ်းအရအရေးယူမယ် ဘာနဲ့မှ မညိစွန်းဘူးဆိုရင်လည်း အရေးမယူဘူး။ တခြား အကြောင်းရာတွေပေါ်ပေါက်ရင်လည်း ပေါ်ပေါက်တဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ။”

မေး - ဝန်ကြီးချုပ်နဲ့ပတ်သက်ပြီး တိုင်ကြားတဲ့သူရှိမှအရေးယူမယ်လို့ သတင်းတွေထွက်ပေါ် လာပြီးမှ တိုင်ကြားစာရောက်ရှိတယ်။ ဆက်လက်ပြီးတော့လည်း တိုင်ကြားစာတွေထပ်ပို့ဖို့ ရှိနေတယ်လို့လည်း ကြားနေရတယ်။ လတ်တလော ဝန်ကြီးချုပ်နဲ့ပတ်သက်ပြီးတိုင်ကြားစာ ဘယ်နှစ်စောင် ရောက်ရှိလာပြီလဲခင်ဗျ။

ဖြေ - “ဟုတ်ပါတယ် ကျနော်တို့ ဌာနကတော့ တိုင်ကြားမှအရေးယူလို့ရမှာပါ။ ကျနော့်ဆီတော့ တစောင်ပဲရပါသေးတယ်ခင်ဗျ။”

မေး - တိုင်ကြားတဲ့အချက်အလက်တွေနဲ့ တိုင်ကြားတဲ့ လူဦးရေအရ ဗဟိုမှာ ခေါ်ယူမေးမြန်း တာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ ဒေသတွေကို သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးဖို့ရော ရှိလားဗျ။

ဖြေ -“အဲဒါတော့ ကျနော့်မှာ အခက်ခဲရှိပါတယ်ခင်ဗျ။ ရုံးဌာနတွေ ပါဝင်ပတ်သက်တာတွေမျိုး ဆိုရင်တော့ ကျနော်တို့စစ်ဆေးလို့ မရပါဘူး။ နောက်ပြီး ကျနော်တို့မှာ တနိုင်ငံလုံးမှာမှ စစ်ဆေးရေး အဖွဲ့က တဖွဲ့တည်းရှိတာပါ။ ကျနော်တို့ရနေတဲ့ တိုင်စာတွေနဲ့သာ အဲဒီလိုသာ စစ်နေရင် ကျနော်တို့ဘာမှ ပြီးတော့မှာ မဟုတ်တော့ပါဘူး။

မေး - နောက်တခုက တနင်္သာရီတိုင်းပါတီ ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ် ပတ်သက်မှုတွေ အပေါ်လည်း ဝေဖန်မှုတွေရှိနေတယ်။ အဲဒီအပေါ်မှာရော ဆရာတို့အနေနဲ့ ဘယ်လို ပြန်လည်သုံးသပ်ဖို့တွေရှိလဲ။

ဖြေ - “ကျနော်တို့ ပေါ်ပေါက်မှပဲ သုံးသပ်တယ်ခင်ဗျ။ ဒီလိုဝေဖန်ရုံနဲ့တော့ မသုံးသပ်ပါဘူး။ တိတိကျကျ အကြောင်းတခုခုရှိမယ်။ အဲဒီဟာမှ ဘယ်လောက်ခိုင်လုံတဲ့ အထောက်ထားရှိမယ်။ အဲဒါ ပြီးတော့မှ အဲဒီခိုင်လုံတဲ့အချက်လက်က ကျနော်တို့ ရှိဆဲ ညွှန်ကြားချက်တွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေ ဘယ်ဟာနဲ့ငြိလဲ လိုအပ်ရင် မူရင်းညွှန်ကြားချက်တွေပါ အကုန်လုံး ပြန်ဖတ် ပြီးတော့မှ ဆုံးဖြတ်ရမှာပါ။”

မေး - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားတဲ့အထဲမှာလည်း ပြည်ထောင်စုအဖွဲ့ဝင်တွေအနေနဲ့ ဆွေမျိုးအသိုင်းဝိုင်းထဲကလူတွေကို ကိုယ်ရေးအရာရှိ မခန့်အပ်ရ ဘူးလို့လည်း ပါရှိတယ်ဗျ။ အဲဒီတော့ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပါတီအနေနဲ့အရေးယူမှာလား ဘယ်လိုပုံစံနဲ့ အရေးယူမှာလည်းခင်ဗျ။

ဖြေ - “ကျနော်ပေါ်ပေါက် မပေါ်ပေါက် မသိသေးပဲနဲ့ ကြိုပြီးမပြောပါဘူးခင်ဗျ။

မေး - ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ဖြည့်စွက်ပြောချင်တာ ဘာတွေများရှိလဲခင်ဗျ။

ဖြေ -  “ကျနော်တို့လုပ်ရမယ့်အလုပ်ကို တရားမျှမျှတတနဲ့ အမြန်ဆုံး စစ်ဆေးဖို့တော့ ကြိုးစားပါ့မယ်။ ဒီလောက်ပါပဲခင်ဗျ။”

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။

မေးမြန်းသူ - အောင်ကျော်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013