DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 28, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက တတန်ကို ၇၀၅၀၀၀ ပေါက်ဈေးရှိပြီး စနေနေ့နဲ့ နှိုင်းယှဉ်ပါက ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း) က တတန်ကို ၇၈၇၀၀၀ ပေါက်ဈေးရှိပြီး စနေနေ့နဲ့ နှိုင်းယှဉ်ပါက ၁၄၅၀၀ ကျပ် ဈေးတက်လာပါတယ်။

ကြက်သွန်နီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီ တပိသာ ၂၀၀ ကနေ ၁၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူ(ကြူကုတ်) တပိသာကို ၁၁၅၀ ကနေ ၁၁၇၅ အထိ ပေါက်ဈေးရှိပါတယ်။

ပဲကြီး

အောင်လံကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၈၄၀၀၀ ကနေ ၉၀၀၀၀ အထိ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှု မရှိပါဘူး။

ပန်းဂေါ်ဖီ

အောင်ပန်းကုန်စည်ဒိုင်မှာ ပန်းဂေါ်ဖီက တထုပ်ကို ၂၂၀ ကျပ်ရှိပြီး ၄၀ ကျပ် ဈေးတက်လာပါတယ်။

ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်ကတော့ တထုပ်ကို ၁၂၀ ပေါက်ဈေးရှိပြီး စနေနေ့နဲ့ နှိုင်းယှဉ်ပါက ၈၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကတော့ ၄၀၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ် ဈေးတက်လာပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013