DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား သယ်ဆောင်လာသူများကို ဖမ်းမိ
DVB
·
January 28, 2019
မန္တလေးတွင် ကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား သယ်ဆောင်လာသူများကို ဖမ်းမိ
Donate to DVB

မန္တလေးမြို့မှာ  ကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ သယ်ဆောင်လာသူတွေကို ဖမ်းမိတယ်လို့ မူးယစ်ဆေးအလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက သတင်းထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ၁၇ မန္တလေးက တပ်ဖွဲ့ဝင်တွေနဲ့ အကောက်ခွန် ဦးစီးဌာန ဝန်ထမ်းတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့ညပိုင်းက သက်သေတွေနဲ့အတူ ပုသိမ်ကြီး မြို့နယ်၊ ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးစခန်းမှာ မော်တော်ယာဉ်တွေကို ရှာဖွေစစ်ဆေးရင်း ဖမ်းမိခဲ့တာပါ။

လားရှိုးမြို့ကနေ မန္တလေးမြို့ကိုမောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်ကို စစ်ဆေးရာမှာ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ မိုင်းရှူးမြို့နယ်၊ ကျူလွယ်ရွာက အသက် ၁၉ နှစ်အရွယ် မနန်းစံစိန်နဲ့ စိုင်းထွန်းဦး၊ ၂၁ နှစ်အရွယ် မနန်းဆိုင်ရွှေ၊ ၂၃ နှစ်အရွယ် မနန်းလူစိန်၊ ၂၇ နှစ်အရွယ် စိုင်းဆွေဦးနဲ့ အသက် ၃၀ အရွယ် စိုင်းဆွေဟန်တို့သယ်ဆောင်လာတာကို တွေ့ရှိခဲ့တာပါ။

သူတို့ သယ်လာတဲ့ ပီနံအိတ် ၃ အိတ်ထဲက လက်ဖက်ခြောက်တွေနဲ့ ရောနှော ဖုံးအုပ် သယ်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း အပြားတသိန်း (ဒေသကာလပေါက်ဈေးအရ ကျပ်သိန်း ၅၀၀၀) နဲ့ ဖုန်းတလုံးတို့ကို တွေ့ရလို့ အုန်းချောနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013