DVB Logo
Home
မြန်မာသတင်း
၂၀၁၈ ခုနှစ်အတွင်း သုံးစွဲရန်မသင့်သည့် အလှကုန် ၁၀၀ ကျော် FDA ကြေညာ
DVB
·
January 28, 2019
၂၀၁၈ ခုနှစ်အတွင်း သုံးစွဲရန်မသင့်သည့် အလှကုန် ၁၀၀ ကျော် FDA ကြေညာ
1 / 16
Donate to DVB

၂၀၁၈ ခုနှစ်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက   အများပြည်သူ သုံးစွဲရန်မသင့်ဘူးလို့ ထုတ်ပြန်ကြေညာခဲ့တဲ့ အလှကုန်ပစ္စည်းပေါင်း ၁၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

သုံးစွဲရန်မသင့်တဲ့ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့ နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံထုတ်နဲ့ တရုတ်နိုင်ငံထုတ် အလှကုန်ပစ္စည်းတွေက အများစုပါဝင်ပါတယ်။

ဒါ့အပြင် အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ မလေးရှား၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံ ထုတ်အလှကုန်ပစ္စည်းတွေလည်း ပါဝင်တယ်လို့ ဌာနကထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

သုံးစွဲရန်မသင့်တဲ့ အလှကုန်တွေမှာ  တားမြစ် ဓာတုပစ္စည်း မာကျူရီတွေ ပါဝင်နေတာ အများစုဖြစ်ပါတယ်။

အဆိပ်သင့် ဓာတုပစ္စည်း မာကျူရီဟာ အရေးပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူ အနီကွက်တွေ ဖြစ်တာနဲ့ အရေးပြားကတဆင့် ခန္ဓာကိုယ်တွင်းကို စုပ်ယူပြီး ထုံကျဉ်တာ၊ ကြွက်သားတုန်ခါတာ၊ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါအပြင် ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးတာနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013