DVB Logo
Home
မြန်မာသတင်း
ကသာခရိုင်တွင်  ဟောင်ကောင်ကုမ္ပဏီက ဒေါ်လာ သန်း ၃၅၀ ရင်းနှီးမြှုပ်နှံမည်
DVB
·
January 28, 2019
ကသာခရိုင်တွင်  ဟောင်ကောင်ကုမ္ပဏီက ဒေါ်လာ သန်း ၃၅၀ ရင်းနှီးမြှုပ်နှံမည်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကသာခရိုင်မှာ ဟောင်ကောင်ကုမ္ပဏီတခုကနေ သကြားစက်နဲ့ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံတွေ တည်ဆောက်ဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၃၅၀ တန်ဖိုး ရင်းနှီးမြှုပ်နှံ သွားဖို့ ရှိနေပါတယ်။

ဒီလို ရင်းနှီးမြှုပ်နှံဖို့အတွက် ဇန်န၀ါရီ ၂၈ ရက်က နေပြည်တော်မှာ ကျင်းပနေတဲ့ Invest Myanmar Summit 2019 မှာ နားလည်မှုစာချုပ်လွှာ MoUကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သကြားစက်ရုံဟာဆိုရင် နေ့စဉ် တန်ချိန် တသောင်း ထုတ်လုပ်နိုင်မှာဖြစ်ပြီး လျှပ်စစ်စက်ရုံ ကတော့ ၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။

နားလည်မှုစာချုပ်လွှာကိုတော့ Greatwall Foodstuff  ကုမ္ပဏီနဲ့ Hong kong InternationalSuger Engineering ကုမ္ပဏီတို့ရဲ့ ဥက္ကဋ္ဌတွေက လက်မှတ်ရေးထိုးထား ခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013