DVB Logo
Home
မြန်မာသတင်း
ဒေါ်နန္ဒမာလာကို အာမခံ​ပေးမည့်သူမရှိသေး
DVB
·
January 28, 2019
ဒေါ်နန္ဒမာလာကို အာမခံ​ပေးမည့်သူမရှိသေး
Donate to DVB

ငွေကြေးလိမ်လည်မှုတွေနဲ့ တရားစွဲခံထားရတဲ့ ဒေါ်နန္ဒမာလာကို အာမခံ​ပေးမယ့်သူမရှိလို့ ရန်ကုန်တိုင်းဒေသကြီး လှိုင်​မြို့နယ် တရားရုံးက ပြန်​မလွှတ်​​ပေးသေးဘဲ အချုပ်နဲ့ ဆက်လက် တရားရင်ဆိုင်နေရပါတယ်။

ဇန်နဝါရီ၂၈ ရက်မနက်​ပိုင်းက ဒေါ်နန္ဒမာလာကို ရုံးထုတ်ရာမှာ စစ်​ဆေးမှုမစခင်​ အချုပ်ခန်းထဲမှာ ကျန်းမာရေးမကောင်းဘဲ တက်​သွားတဲ့အတွက်​ အမှုကိုတော့ ဆက်လက် မစစ်​​ဆေးနိုင်​ခဲ့ပါဘူး။

ဒေါ်နန္ဒမာလာကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၄ ရက် ရုံးချိန်းမှာကတည်းက  လူပုဂ္ဂိုလ်နှစ်​ဦး ကျပ်သိန်း ငါးထောင်စီနဲ့ စုစုပေါင်းကျပ်သိန်း တသောင်း အာမခံ​ပေးခွင့်ပြုထားပြီး အာမခံ​ငွေပမာဏ ကျပ်သိန်း တသောင်း ပိုင်​ဆိုင်​မှု ပြနိုင်မှသာ အချုပ်ပြင်ပကနေ တရားရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒီအမှုကို ဆက်လက်စစ်ဆေးဖို့  လာမယ့် ဖေ​ဖော်​ဝါရီ ၅ ရက်​​မှာ ရုံးချိန်း ထပ်မံချိန်းဆိုထားပါတယ်။

ဒေါ်နန္ဒမာလာဟာ စက်သုံးဆီလုပ်ငန်းနဲ့ ပတ်သက်လို့ ကျပ်သိန်း ၂၆ဝဝ  လိမ်လည်သွားတယ်ဆိုပြီး တရားလို ဦးနေမျိုးနိုင်က လှိုင်မြို့နယ်တရားရုံးမှာ  ၂ဝ၁၈ မတ်လက တရားစွဲခဲ့တာဖြစ်ပါတယ်။

ဒေါ်နန္ဒမာလာကို ငွေကြေးသိန်းပေါင်းများစွာ လိမ်လည်မှုတွေနဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တရားရုံးနဲ့ မန္တလေးတိုင်း မဟာအောင်မြေတရားရုံးတွေမှာလည်း တရားစွဲဆိုထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013