DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ နိုင်ငံကူးလက်မှတ် ရရှိ
DVB
·
September 20, 2012
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ နိုင်ငံကူးလက်မှတ် ရရှိ
Donate to DVB

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၁၉ ဦး နိုင်ငံကူးလက်မှတ် (ပတ်စပို့) ရရှိသွားပြီလို့ ၈၈ မျိုးဆက်ခေါင်းဆောင် တဦးဖြစ်သူ ဦးထွန်းမြင့်အောင်က ပြောပါတယ်။

နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတော့မယ့်အကြောင်း အစိုးရ တာဝန်ရှိသူတွေက ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းကို မနေ့က အကြောင်းကြားလာတာလို့  ပြောပါတယ်။

[caption id="attachment_31055" align="alignleft" width="228" caption="ဦးထွန်းမြင့်အောင်"][/caption]

“ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတယ်ဆိုတာ ကောင်းပါတယ်။ နိုင်ငံသားတွေမှာ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရရှိသင့်တယ်လေ။ နိုင်ငံသားတယောက်အနေနဲ့ နိုင်ငံကူးလက်မှတ်ကို ထုတ်ကို ထုတ်ပေးရမှာ။ အခုထုတ်ပေးတဲ့အတွက် ၀မ်းသာပါတယ်။”

ဒါပေမယ့် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးရာမှာ နိုင်ငံသားတိုင်းကို တန်းတူမထားဘဲ ခွဲခြားဆက်ဆံတာကိုတော့ ဘ၀င်မကျဘူးလို့ ဦးထွန်းမြင့်အောင်က ဆိုပါတယ်။

“ဆုပေးပွဲမတိုင်ခင်ကတည်းက ပြောထားတယ် ကိုမင်းကိုနိုင်က။ ဒီနိုင်ငံကူးလက်မှတ်တွေကို ထုတ်ပေးရာမှာ တဦးချင်းစီကို ရွေးပြီး ခွဲခြားအခွင့်အရေးတွေ ပေးတာဟာ ဒါမျိုးဟာ ကျနော်တို့ ယူမှာမဟုတ်ဘူး။ နိုင်ငံသားတိုင်း တန်းတူရည်တူ အခွင့်အရေးလိုချင်တယ်။ ဒီလိုမှ မရရင် မသွားဘူးလို့ ပြောခဲ့တယ်။ တကယ်ဆို အဲဒီအချိန်ကတည်းက ပေးလိုက်မယ်ဆိုရင် အစိုးရတရပ်အနေနဲ့ အင်မတန်ကောင်းတဲ့ အခြေအနေကို ရောက်မယ်။ အခုက ဆုပေးပွဲနဲ့ကပ်ပြီး ဒီနေ့မှ ပေးလိုက်တာ ကျနော်တို့အတွက် ဘ၀င်မကျစရာဖြစ်တယ်။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ဟာ အမေရိကန် အမျိုးသားဒီမိုကရေစီ ရန်ပုံငွေအဖွဲ့က (အန်အီးဒီ) က ပေးအပ်ချီးမြှင့်တဲ့ ဆုပေးပွဲအခမ်းအနားကို တက်ရောက်ဖို့ နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ သူအပါအ၀င် ဦးကိုကိုကြီးနဲ့ ဦးမြအေးတို့ကိုသာ ထုတ်ပေးတဲ့အတွက် သွားရောက်ခဲ့ခြင်း မရှိပေ။

အန်အီးဒီက ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ ၂၀ ရက်နေ့ ပြုလုပ်မှာဖြစ်တဲ့အတွက် ၈၈ မျိုးဆက်ကျောင်းသားတွေ သွားဖို့ မမီတော့ပေမယ့် ပွဲစီစဉ်သူတွေက တခြားနောက်ဆက်တွဲ အစီအစဉ်တွေအရ ဖိတ်ကြားရင်တော့ ၈၈ အမေရိကန်ပြည်ထောင်စုကို သွားဖို့ မျိုးဆက်ကျောင်းသားတွေခေါင်းဆောင်တွေ စဉ်းစားမယ်လို့ ဦးထွန်းမြင့်အောင်က ပြောပါတယ်။

အခု ၈၈ မျိုးဆက်ကျောင်းသားတွေကို နိုင်ငံကူး လက်မှတ်ထုတ်ပေးလိုက်တာဟာ ပထမဆုံးအသုတ်ဖြစ်ပြီး နောက်ထပ်တင်ထားတာ အများကြီးရှိသေးတယ်တဲ့အတွက် ရ မရ ဆိုတာ အရေးကြီးတယ်လို့ ဦးထွန်းမြင့်အောင်က ပြောပါတယ်။

“ကျနော်တို့ ပြောချင်တာကတော့ နိုင်ငံသားအားလုံးဟာ တန်းတူအခွင့်အရေး ရသင့်တယ်။ ထောင်ထဲက ထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဆိုတာလည်း တိုင်းပြည်ကို တည်ဆောက်ကြမယ့်၊ ဒီမိုကရေစီပန်းတိုင်ကို အတူသွားကြမယ့် သူတွေဖြစ်တဲ့အတွက် နိုင်ငံတကာအတွေ့အကြုံတွေ အများကြီးလိုပါတယ်။ ဒီလူတွေကိုလည်း နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့လိုလိမ့်မယ်လို့ ကျနော် ပြောချင်ပါတယ်။

နိုင်ငံကူးလက်မှတ် ရရှိသွားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျ၊ ဦးဌေးကြွယ်၊ ဦးမြအေး၊ ဦးမြတ်သူ၊ ဦးသက်ဇော်၊ ဦးမျိုးအောင်ထွေး၊ ဒေါ်သင်းသင်းအေး (ခ)မီးမီး ၊ ဒေါ်သရဖီသိမ့်သိမ့်ထွန်း ၊ ဒေါ်အေးသီတာ၊ ဒေါ်ယဉ်ယဉ်ဝိုင်း၊ ဦးပဏ္ဍိတ်ထွန်း၊ ဦးရဲဝင်း၊ ဦးဇော်သက်ထွေး၊ ဦးစိုးထွန်း၊ ဦးထွန်းမြင့်အောင်၊ ဦးအံ့ဘွယ်ကျော်နဲ့  ဦးပြုံးချို တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013