DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံသား ၀ရမ်းပြေးကို ရန်ကုန်လေဆိပ်တွင် ဖမ်းမိ
DVB
·
January 27, 2019
တရုတ်နိုင်ငံသား ၀ရမ်းပြေးကို ရန်ကုန်လေဆိပ်တွင် ဖမ်းမိ
Donate to DVB

တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားတဲ့ တရုတ်အမျိုးသား ၁ ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့ ည ၇ နာရီလောက်က မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ တရုတ်နိုင်ငံသား Mr. Liang Xiaolei (၅၆) နှစ်ကို ဖမ်းဆီးရမိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။

သူဟာ တရုတ်နိုင်ငံ Ning Bo မြို့၊ Gao Xin ရပ်ကွက် စီမံခန့်ခွဲရေးကော်မတီမှ ပေးချေတဲ့ မြေယာပြန်ဝယ်ယူဖို့ ယွမ် ၆၀ သိန်းကျော်အား လက်ခံရယူခဲ့ပြီး ဝင်ငွေခွန်ယွမ် ၁၀ သိန်းကျော် ပေးဆောင်ဖို့ ပျက်ကွက်ခဲ့လို့ Ning Bo မြို့တရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ တရားခံပြေး တဦးဖြစ်တယ်လို့ ဆိုပါတယ်။

Mr. Liang Xiaolei ဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း  အင်တာပိုလ်ကနေ အနီရောင် ဖမ်းဝရမ်း (Red Notice) ထုတ်ပြန်ထားသူဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ဖမ်းဆီးပေးဖို့ မေတ္တာရပ်ခံထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါ တရုတ်နိုင်ငံသားဟာ ဇန်နဝါရီ ၁၉ ရက်နေ့က ဟောင်ကောင်ကနေ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတာပါ။ ဒီနောက် ဇန်န၀ါရီ ၂၆ ရက်နေ့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို ထိုင်းလေကြောင်းလိုင်းနဲ့ ပြန်လည်ထွက်ခွာဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာစဉ် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

Mr. Liang Xiaolei ကို မင်္ဂလာဒုံမြို့မရဲစခန်းမှာ ချုပ်နှောင်ထားရှိပြီး တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းနိုင်ရေး စီစဉ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013