DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများတွင် တုပ်ကွေးရောဂါဖြစ်ပွား
DVB
·
September 19, 2012
ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများတွင် တုပ်ကွေးရောဂါဖြစ်ပွား
1 / 2
Donate to DVB

ကရင်ပြည်နယ် ဖာပွန်ခရိုင်မြောက်ပိုင်းက  ကျေးရွာ ၁၀ ရွာကျော်မှာ ပြီးခဲ့တဲ့ ၂ ပတ်လောက်ကစပြီး တုပ်ကွေးရောဂါဖြစ်ပွားနေပြီး မနေ့ ကလေးငယ် ၁ ဦး သေဆုံးသွားတယ်လို့ နယ်လှည့်ကျောပိုး အိတ် ကျန်းမာရေးလုပ်သားအဖွဲ့က ပြောပါတယ်။

ဖာပွန်ခရိုင် လူသောမြို့နယ်က ပလာ့ခို့၊ နော်ယိုထာ့နှင့် လယ်မူပလောကျေးနယ် ရွာပေါင်း ၁၀ ရွာကျော်မှာ ရောဂါဖြစ်ပွားနေတဲ့အကြောင်း နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးလုပ်သား အဖွဲ့ရဲ့ဒါရိုက်တာ ဦးဝင်းကျော်က ပြောပါတယ်။

[caption id="attachment_31046" align="alignleft" width="296" caption="ဖာပွန်ခရိုင် ဆာမူပယ်ရွာကျောင်းမှ ကလေးငယ်များ(ဓာတ်ပုံ- Karen teacher working group-KTW)"][/caption]

“၂ ပတ်အတွင်းလောက်မှာ ကို တော်တော် များများ ဖြစ်တယ်။ ဆေးခန်း တခုကနေ တာဝန်ယူပြီး စောင့်ရှောက်ပေးတဲ့ ရွာ ၁၀ ရွာကျော်ကျော်ထဲမှာ လူဦးရေ ၂ ထောင်ကျော် ရှိတာ။ ဖြစ်တာက ၁ ထောင့် ၄ ရာကျော် ရောဂါဖြစ်တယ်။ မနေ့က အသက် ၂ နှစ်အရွယ် မိန်းကလေး ၁ ယောက် ဆုံးသွားတယ် ကြားတယ်။”

ဒီလိုရောဂါဖြစ်ပွားနေမှုကြောင့် ဒေသတွင်းက  စာသင်ကျောင်း ၆ ကျောင်းကို ပိတ်ထားရတယ်လို့ ဆိုပါတယ်။ အခုချိန်ဟာ ကူးစက်ရောဂါလို ဖြစ်ပွားနေတဲ့အတွက်  တရွာနဲ့တရွာ အသွားအလာကို ရပ်ဆိုင်းခိုင်းထားတာမျိုး ရှိနေပါတယ်။

“ဖျားပြီဆိုရင် ၇ ရက်ကျော်လောက်ကြာတာကိုး။ ဖျားပြီဆိုရင် အခု ကလေးတွေကို ကျောင်းကို ပိတ်ထားခိုင်းလိုက်တယ်။ ဖျားတာပဲဖြစ်ဖြစ်၊ ကိုယ်ပူတာ ချောင်းဆိုတာ အဖျားမကျရင် တရွာနဲ့ တရွာ မကူးဖို့၊ ကျေးရွာကလူကြီးတွေနဲ့ ညှိနှိုင်းပြီး လုပ်ထားပေးတယ်။ ရောဂါကုပေးဖို့ ရွာ ၁ ရွာမှာ ကျန်းမာရေးလုပ်သား ၁ ယောက်၊ ၂ ယောက်ထားပေးထားပြီးတော့ သူတို့က ဖျားတဲ့လူတွေကို ဆေးတိုက်တာ၊ ရေပတ်တိုက်ပေးတာ၊ ပညာပေးတာတွေ လုပ်ပေးတယ်။”

ရောဂါဖြစ်ပွားတဲ့ကျေးရွာတွေဟာ ဖာပွန်မြို့နယ် မိုင် ၃၀ လောက်ဝေးသလို ကားလမ်းတွေမရှိတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး  လူနာတွေကို မြို့ ဒါမှမဟုတ် နယ်စပ်ကို ပို့ဆောင်ကုသဖို့ အခက်အခဲရှိနေတာပါ။   လူနာတွေအနေနဲ့ ကေအန်ယူက ဖွင့်လှစ်ပေးထားတဲ့ ဆေးပေးခန်းတွေမှာပဲ ကုသမှုခံယူနေကြရတယ်လို့လည်း သူတို့အဖွဲ့က ပြောပါတယ်။

ဖာပွန်ခရိုင်က  ကေအန်ယူ တာဝန်ရှိသူတွေက နယ်မြေအတွင်း ရောဂါဖြစ်ပွားတယ်ဆိုတာကို အတည်ပြုပြောဆိုပြီး  စာသင်ကျောင်း ၆ ကျောင်းက ကျောင်းသူ ကျောင်းသား ၄ ရာကျော်ထဲက အများစု တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားနေတဲ့အတွက် ကျောင်းကို ပိတ်ထားရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကလည်း ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းမှာ ဒီလိုအလားတူ တုပ်ကွေးရောဂါမျိုး ဖြစ်ပွားခဲ့ဖူးတယ်လို့လည်း နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013