DVB Logo
Home
မြန်မာသတင်း
ဘုရားဖူးယာဉ်​ သစ်​ပင်​ဝင်​တိုက်၍ ၁ ဦး​သေ၊ ၁၉ ဦး ဒဏ်​ရာရ
DVB
·
January 27, 2019
ဘုရားဖူးယာဉ်​ သစ်​ပင်​ဝင်​တိုက်၍ ၁ ဦး​သေ၊ ၁၉ ဦး ဒဏ်​ရာရ
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး ​ချောက်​မြို့နယ်​ ​ချောက်​-​ဂွေးချို ကားလမ်း တွင်​ ဘုရားဖူး ယာဉ်​တစ်​စီး သစ်​ပင်​ဝင်​တိုက်​မိပြီး လူ ၁ ​ဦး​သေဆုံး ၁၉ ဦး ဒဏ်​ရာရရှိခဲ့တယ်​လို့​ ​ချောက်​မြို့မ ရဲစခန်းက သိရပါတယ်​။

ဒီနေ့မနက် ၃ နာရီအချိန်​လောက်က ​ချောက်​​-​ဂွေးချို ကားလမ်း ဆင်​ကရွာအနီး မိုင်​တိုင်​ ၃၉၉/၂ နဲ့ ၃၉၉/၃ အကြားမှာ​ စစ်ကိုင်း-မန္တလေးဘုရားဖူးအပြန် ​ဂွေးချိုဘက်​မှ ​ချောက်​မြို့ကို ယာဉ်​​မောင်း​ဇော်​ဟိန်း ​မောင်းနှင်​လာ​သော BUNGO အမျိုးအစား အဖြူ​ရောင်​ယာဉ်​ဟာ အရှိန်​မထိမ်​နိုင်​ဘဲ လမ်း​ဘေး ယူကလစ်​ပင်​အား ဝင်​တိုက်​မိခဲ့တာပါ။

ယာဉ်​​ပေါ်ပါ ၂၁ ဦးအနက်​ အသက်​ငါးဆယ်​​ကျော်​ အမျိုးသမီး ၁ ​ဦး ​နေရာတင်​ ​သေဆုံးပြီး ၁၉ ဦး ထိခိုက်​ဒဏ်​ရာရခဲ့တယ်​လို့ မြို့မရဲစခန်းက သိရပါတယ်။

ယာဉ်​​မောင်း ​ဇော်​ဟိန်းအား ယာဉ်​အား မဆင်​မခြင်​​မောင်းပြီး ထိခိုက်​​သေဆုံးမှု (ပ)၄/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ-၃၀၄-(က)၃၃၇/၃၃၈ နဲ့ ​ချောက်​မြို့မစခန်းမှာ အမှုဖွင့်အ​ရေးယူထား​ကြောင်း သိရပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013