DVB Logo
Home
မြန်မာသတင်း
တောင်သူနှင့်စားသုံးသူအန္တရာယ်ကင်းရန် စိုက်ပျိုးရေးအရောင်းဆိုင်များကို ရှောင်တခင် စစ်ဆေး
DVB
·
January 27, 2019
တောင်သူနှင့်စားသုံးသူအန္တရာယ်ကင်းရန် စိုက်ပျိုးရေးအရောင်းဆိုင်များကို ရှောင်တခင် စစ်ဆေး
Donate to DVB

စိုက်ပျိုးရေးတောင်သူတွေနဲ့ စားသုံးသူတွေ အန္တရာယ်ကင်းစေဖို့ ပိုးသတ်ဆေးနဲ့ မြေသြဇာအရောင်းဆိုင်တွေကို ပထမဆုံးအကြိမ် ရှောင်တခင်စစ်ဆေးတာတွေကို အဖွဲ့စုံနဲ့ ဇန်န၀ါရီ ၂၇ ရက် မနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အခုလို စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အဖွဲ့စုံဖွဲ့စည်းထားတဲ့အဖွဲ့က ရှောင်တခင် စစ်ဆေးမှုတွေကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး အရင်က စိုက်ပျိုးရေးဦးစီးဌာနတခုတည်း လိုက်လံစစ်ဆေးမှုတွေ ရှိခဲ့ပါတယ်။

ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်မောင်မောင် က "သုံးစွဲသူတွေနဲ့ စားသုံး သူတွေအတွက် အန္တရာယ်ကင်းအောင် ရောင်းချတဲ့ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေကို အရည်အသွေးပြည့်မီ မှုရှိ မရှိရယ်။ သက်တမ်းလွန်တဲ့ပိုသတ်ဆေးတွေကို ရောင်းချခြင်းရှိမရှိ ထုတ်ကုန်နဲ့ပတ်သက်ပြီးတော့ သုံးစွဲသူတွေကို လွယ်ကူရှင်းလင်းစေဖို့ မြန်မာစာအညွှန်း ပါမပါ၊ တရားဝင်ဟုတ်မဟုတ် စစ်ဆေးတာ"လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်းက ကျန်ရှိနေသေးတဲ့ မြို့နယ်တွေကိုပါ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး ကျန် ၆ မြို့နယ်ထဲက သံတောင်ကြီးမြို့နယ်ဟာ ပိုးသတ်ဆေး လုံးဝမသုံးစွဲတဲ့ မြို့နယ်ဖြစ်တဲ့အတွက် သြဂဲနစ်ဇုန်သတ်မှတ်ဖို့ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

တောင်သူတွေအနေနဲ့ တရားဝင်တဲ့ ပိုးသတ်ဆေး၊ မြေသြဇာတွေကိုတာ သုံးစွဲဖို့နဲ့ ဘောင်ချာတောင်းယူတာတွေကို လုပ်ဆောင်ဖို့လိုသလို တောင်သူလယ်သမားအခွင့်အရေးနဲ့ အကျိုးစီးပွားအခွင့်အရေး ဥပဒေအရ တောင်သူတွေကို အကာအကွယ်ပေးမှုအရ ဘောင်ချာပြေစာနဲ့ ၀ယ်မှ တရားဝင်ပစ္စည်းကို ၀ယ်မှလည်း သူတို့ အာမခံချက်အပြည့်ရမှာလို့ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်မောင်မောင်က ဆက်လက်ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013