DVB Logo
Home
မြန်မာသတင်း
စဥ့်ကိုင်မြို့က ဒို့ရိုးရာမုန့်ပွဲတော် မြန်မာ့ရိုးရာမုန့် ၁၁၀ ခန့် အခမဲ့ ကျွေး
DVB
·
January 27, 2019
စဥ့်ကိုင်မြို့က ဒို့ရိုးရာမုန့်ပွဲတော် မြန်မာ့ရိုးရာမုန့် ၁၁၀ ခန့် အခမဲ့ ကျွေး
1 / 9
Donate to DVB

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ဥယျာဉ်ငယ်ရွာ၊ မာယိန္ဒာရာမ တိုင်းရင်းသားမိဘမဲ့ ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်းမှာ ဇန်နဝါရီ ၂၇ ရက် မနက် ၉ နာရီက ဒို့ရိုးရာမုန့်ပွဲတော်ကို ကျင်းပခဲ့ပါတယ်။

မိမိတို့ရင်သွေးငယ်တွေကို အဟာရပြည့်ဝသော မြန်မာ့ရိုးရာ မုန့်တွေကို အလေးထားစား သုံးတတ်စေဖို့၊ ဒေသခံတွေ မိရိုးဖလာ မုန့်လုပ်တဲ့ အတတ်ပညာတွေ တိုင်းရင်းသားမိသားစုတို့ ဒေသလိုက်မုန့်တွေကို ကလေးတွေ နှစ်သက်ကြစေဖို့၊ ကလေးအခွင့်အရေး ကလေးလုပ်သား တကိုယ်ရေသန့်ရှင်း၊ ပဟေဋ္ဌိ၊ ဉာဏ်စမ်း၊ လက်မှုနဲ့ အလုပ်စက္ကူ ခေါက်ကစားနည်းတွေနဲ့ ပျော်ရွှင်စရာ အသိပညာဖွံ့ဖြိုး ဖန်တီးနိုင်မှုစွမ်းအားတိုးစေဖို့ ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။

“အခုခေတ် အစားအစာတွေက ကျန်းမာရေးနဲ့မညီညွတ်ဘူး၊ ဓာတုဆိုးဆေးတွေ ပါတာများတယ်၊ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေ စာမိတဲ့အခါ ကျန်းမာရေး ထိခိုက်မယ်၊ ကျန်းမာရေးထိခိုက်တဲ့အခါ ငွေကုန် လူပင်ပန်းဖြစ်မယ်၊ ဒါကြောင့် ကလေးငယ်တွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ ရွေးချယ်စားသောက်တတ်ဖို့ ဒီပွဲကို ကျင်းပတာပါ၊ တစ်နှစ်ထက် တစ်နှစ် မုန့်တွေ ပိုများလာတယ်၊ ဒီနှစ် မုန့်အမျိုးအစား (၁၁၀)နီးပါး အခမဲ့ ကျွေးမွေးမှာပါ” လို့ မာယိန္ဒာရာမ တိုင်းရင်းသားမိဘမဲ့ ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တမာလဝိန္ဒ (မဟာသဒ္ဒမ ဇောတိကဓဇ)က ဒီဗွီဘီကို မိန့်ကြားပါတယ်။

ဒီမုန့်ပွဲတော်ကို ဆဋ္ဌမအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး အလှူရှင်တွေ စုပေါင်းလှူဒါန်းမှုနဲ့ မုန့်ခွေလိပ်၊ နွားနို့ဌက်ပျောပေါင်း၊ ဌက်ပျောလုံးကြော်၊ ကန်စွန်းယို၊ ကောက်ညှင်းပေါင်း၊ ပဲပေါက်စီ၊ အုန်းသကြားပေါက်စီအပါအ၀င် မြန်မာ့ရိုးရာမုန့် ၁၀၉ မျိုးကို မုန့်ပွဲတော် လာရောက်တဲ့ ကလေးငယ်တွေနဲ့ ဧည့်သည်တွေကို အခမဲ့ ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013