DVB Logo
Home
မြန်မာသတင်း
အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း လက်ခံဖို့အသင့်ပါပဲ - မွန်အလှမယ် မိချောကလျာစိုး
DVB
·
January 27, 2019
အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း လက်ခံဖို့အသင့်ပါပဲ - မွန်အလှမယ် မိချောကလျာစိုး
Donate to DVB

မြန်မာနိုင်ငံရှိ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရည်ရွယ်ပြီး  မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကနေ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ဆိုတဲ့ခေါင်းစဉ်နဲ့ ပွဲတော်ကို လာမယ့်ဇန်န၀ါရီလ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ရန်ကုန်မြို့မှာ စတင်ကျင်းပနေပါတယ်။

အဲဒီပွဲတော့်ရဲ့ တစိတ်တပိုင်းအနေနဲ့ MISS Ethnic Myanmar တိုင်းရင်းသား အလှမယ်ရွေးပွဲလည်း ပြုလုပ်နေပါတယ်။

လတ်တလောမှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက တိုင်းရင်းသားအသီးသီးက ကိုယ်စားပြုအလှမယ် ၄၁ ယောက် ပါဝင်ယှဉ်ပြိုင်နေကြတာဖြစ်ပြီး အဲဒီထဲက မွန်တိုင်းရင်းသားကိုယ်စားပြု အလှမယ် အသက် ၁၉ နှစ်အရွယ် မိချောကလျာစိုး (သတ္တဗေဒ ပထမနှစ်) ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။  Miss ethnic Myanmar ၀င်ပြိုင်ဖြစ်တဲ့အကြောင်းကို ပြောပြပေးပါဦး။

ဖြေ။ “ မွန်ပြည်နယ်ကနေပြီးမှ တိုင်းရင်းသားကိုယ်စားလှယ်ကနေ လွှတ်လို့လာပြိုင်ဖြစ်တာပါ။ အခုတော့ Activity တွေလုပ်နေတယ်။ နောက်ပြီးတော့မှ ပြိုင်ပွဲအတွက် training တွေ ဆင်းနေရတယ်။”

မေး။ Miss Ethnic Myanmar ပြိုင်ပွဲဟာဟာ ဒါပထမဆုံးကျင်းပပြုလုပ်တဲ့ ပွဲဖြစ်တာကြောင့် ဘာတွေအခက်အခဲရှိပြီး ဘာအတွေ့အကြုံတွေရလဲ။

ဖြေ။  “ညီမတို့က တနေရာတည်းမှာ တိုင်းရင်းသား ၈ မျိုးလုံးက အရင်ကဆိုရင် စဉ်းပဲ စဉ်းစားလို့ ရမှာလေ၊ အခုက လက်တွေ့တွေ့ရတယ်။  တိုင်းရင်းသား ၈ မျိုးလုံးနဲ့ သူတို့ရဲ့ ရိုးရာ ဓလေ့တွေကို တနေရာတည်းမှာ တွေ့ရတယ်။ နောက်ပြီးမှ သိခွင့်ရတယ်ပေါ့နော်။ အကုန်မသိရ ဘူးဆိုရင်တောင်မှ သူတို့ရဲ့ နှုတ်ဆက်တဲ့စကားလေးတွေ၊ နောက် ကျေးဇူးတင်စကားလေးကိုတော့ ကိုယ်မှတ်သားရတယ်။ ပြီးတော့ ကိုယ်အရင်က မသိတဲ့ အတွေ့အကြုံတွေလည်း ဒီမှာ အများကြီးရခဲ့ပါတယ်။”

မေး။ မွန်ပြည်နယ်ကိုယ်စားပြုပြီး ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရတာဆိုတော့ မွန်လူမျိုး တယောက်အနေနဲ့ ဘယ်လိုအပိုင်းမှာ ပါဝင်ယှဉ်ပြိုင်ဖို့ရှိလဲ။

ဖြေ။ “ညီမအနေနဲ့ကတော့ ညီမက ပြည်နယ်ဂုဏ်ဆောင်ပြီးတော့ လာပြိုင်ရတာဖြစ်တဲ့ အတွက်ကြောင့်မို့  အကောင်းဆုံး ညီမ ယှဉ်ပြိုင်သွားမှာပါ။ ဟုတ်ကဲ့။ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ညီမကတော့ အဆုံးအထိတော့ မှန်းထားပါတယ်။ ဒါပေမယ့် အကောင်းဆုံးကိုလည်း မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း လက်ခံဖို့ အသင့်ပါပဲရှင်။ ”

မေး။ ညီမလေးအနေနဲ့ ဒီလိုမတူကွဲပြားတဲ့ တိုင်းရင်းသားတွေကနေတဆင့် အတူတကွနေထိုင်လို့ ရတဲ့အချက်တွေက ဘာတွေရှိလဲလို့ ညီမလေးအနေနဲ့ မြင်လဲ။

ဖြေ။ “အတူအတူနေရတဲ့အချိန်မှာတော့ အဆင်ပြေပါတယ်။ ကွဲပြားတာကတော့ စကားတွေပေါ့နော်။  တယောက်နဲ့တယောက် စကားမတူတဲ့အချိန်မှာ သူတို့ရဲ့ ဘာသာစကားတွေကလည်း ကိုယ့်အတွက် နားလည်မှုလွဲတာတွေလည်း ရှိမယ်။ ဒါပေမယ့် ကိုယ်က လက်ခံပေးနိုင်ရမယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့  သူတို့ရဲ့စကားမှာလည်း ဒီအဓိပ္ပာယ်ဟာ သူတို့အတွက် ကောင်းတဲ့ အဓိပ္ပာယ်လည်းဖြစ်နိုင်တယ်။ အဲဒါကြောင့်မို့လို့ တခုနဲ့တခု ပြန်ပြီးတော့ လေ့လာသင်ယူနေရတယ်ပေါ။ ဒီအဓိပ္ပာယ်တွေကတော့ ဘယ်လို၊ သူတို့ဆိုလိုတဲ့စကား အဓိပ္ပာယ်ကတော့ ဘယ်လိုဆိုတာကိုတော့ ကိုယ်က သိအောင်လုပ်ထားရတယ်။ အချင်းချင်း နားလည်မှု ရှိအောင်တော့ ကြိုးစားထားရပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013