DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့က ဂရပ်ဖစ်တီရေးဆွဲသည့်လူငယ်များ ကိုယ်ပိုင်ဟန်ဖြင့် ရေးဆွဲလာ
DVB
·
January 27, 2019
မုံရွာမြို့က ဂရပ်ဖစ်တီရေးဆွဲသည့်လူငယ်များ ကိုယ်ပိုင်ဟန်ဖြင့် ရေးဆွဲလာ
1 / 11
Donate to DVB

မုံရွာမြို့က ဂရပ်ဖစ်တီရေးဆွဲတဲ့ လူငယ်တွေဟာ အရင်က ကော်ပီပုံစံကို အဓိကထား ရေးဆွဲခဲ့ကြပေမယ့် အခုလက်ရှိမှာ ကိုယ်ပိုင်ဟန်နဲ့ ရေးဆွဲလာကြပါတယ်။

မုံရွာမြို့မှာ ဂရပ်ဖစ်တီခေါ်တဲ့ လမ်းဘေးအနုပညာကို နံရံအချို့မှာ ကြိုးကြားကြိုးကြား မြင်တွေ့ရပေမယ့် ရန်ကုန်၊ မန္တလေးနဲ့စာရင် လူသိနည်းနေသေးပါတယ်။ ဒါ့အပြင် လက်ခံနိုင်မှု၊ အားပေးမှုအပိုင်းမှာလည်း အင်မတန်အားနည်းနေသလို နေရာအခက်အခဲ၊ ငွေကြေး အခက်အခဲတွေလည်း ရှိနေကြတာပါ။

ဂရပ်ဖစ်တီကို မုံရွာမြို့မှာ ၂၀၁၄ ခုနှစ်လောက်ကစတင်ကာ ရေးဆွဲလာခဲ့ကြပြီး အခုအချိန်ထိ ဂရပ်ဖစ်တီရေးဆွဲသူက ဆယ်ဂဏန်းမရှိသေးပါဘူး။ ရေးဆွဲရာမှာလည်း အရင်က ကော်ပီပုံစံကို အဓိကထား ရေးဆွဲခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ကိုယ်ပိုင်စိတ်ကူးကိုပဲ ရေးဆွဲတော့တယ်လို့ မုံရွာမြို့ခံ ဂရပ်ဖစ်တီရေးဆွဲနေတယ် လူငယ်တွေက ပြောပါတယ်။

Monywa Graffiti Art (MGA) Group ဦးဆောင်သူ ကိုသီဟအောင်က “လွတ်လပ်မှု အရသာကို ကြိုက်တယ်။ စည်းတွေ၊ ဘောင်တွေ၊ သတ်မှတ်ချက်တွေ မရှိဘူး။ ကိုယ်လုပ်ချင်တဲ့ အနုပညာကို ကိုယ်ကြိုက်သလို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ရှိတယ်။ ကိုယ်ကြိုက်သလို လုပ်ပိုင်ခွင့်ရှိတယ်။ အရင်ကတော့ စလေ့လာစကတော့ ကိုယ့်စီနီယာအကိုတွေ ဆွဲတာတွေကို လိုက်ဆွဲခဲ့တာပေါ့။ အခုနောက်ပိုင်းတော့ အရောင်စပ်တာ၊ ဒီဇိုင်းကအစ ကိုယ်ပိုင်ဟန်ပဲ ဆွဲတော့ တယ်။ ကိုယ့်အဖွဲ့နဲ့ကိုယ်ဆွဲတဲ့အတွက် Team Work ကောင်းကောင်း ရတယ်။ တယောက်တည်း ဆွဲတာနဲ့စာရင် အဖွဲ့လိုက်က ပိုပြီးကောင်းတယ်”လို့ ပြောပါတယ်။

Monywa Graffiti Art (MGA) Group မှာ အသက်အကြီးဆုံး ၂၃ နှစ်ကနေ အငယ်ဆုံး ၁၇ နှစ်ထိ ၂၀ ဝန်းကျင် လူငယ်တွေနဲ့သာ ဖွဲ့စည်းထားတာပါ။ ဂရပ်ဖစ်တီဆွဲရတာက အခုနောက်ပိုင်း လူငယ်တွေစိတ်ဝင်စားတဲ့ ဂိမ်းတွေအပေါ်မှာ စွဲလန်းစိတ်တွေ လျော့ကျသလို တခြား လမ်းမှားရောက်မှာလည်း စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

ရေးဆွဲရာမှာလည်း တချို့အိမ်တွေက ခွင့်တောင်းပေမယ့် ခွင့်မပြုတာတွေက များတဲ့အပြင် ညပိုင်းဆွဲရာမှာလည်း ဆေးဘူးမြည်သံတွေကြောင့် သူခိုးဆိုပြီး စွပ်စွဲအလိုက်ခံရတာတွေလည်း ကြုံခဲ့ရတယ်လို့ဆိုပါတယ်။

လက်ရှိမှာ ဂရပ်ဖစ်တီရေးဆွဲဖို့ ပုံ ၁ ပုံကို ၄ သောင်းဝန်းကျင်ကုန်ကျတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆေးအမျိုးအစားပေါ် မူတည်ကာ အရည်အသွေး၊ ကုန်ကျမှုကလည်း ပြောင်းလဲ သွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကိုယ့်ရဲ့ မုန့်ဖိုးငွေတွေစုကာ အိမ်ရှင်တွေလက်ခံတဲ့ လမ်းဘေးနံရံတွေမှာ သူတို့ရဲ့ အနုပညာတွေကို ဖော်ထုတ်နေဆဲဖြစ်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ စိတ်ဆုံးဖြတ်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013