DVB Logo
Home
မြန်မာသတင်း
သောင်တာကျေးရွာ ပင်လယ်ကမ်းစပ်မှ ခုံးခရုများကို ရှမ်းတရုတ်များ ဆင်းဝယ်နေ
DVB
·
January 27, 2019
သောင်တာကျေးရွာ ပင်လယ်ကမ်းစပ်မှ ခုံးခရုများကို ရှမ်းတရုတ်များ ဆင်းဝယ်နေ
1 / 8
Donate to DVB

ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာအုပ်စု သောင်တာကျေးရွာကထွက်တဲ့ ခုံးခရုကို ရှမ်းတရုတ်တွေ ကိုယ်တိုင် ဆင်းဝယ်နေတယ်လို့ ခရုကောက်သူတွေက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး သောင်တာကျေးရွာက ပင်လယ်ကမ်းစပ် သောင်ပြင်မှာ ခုံး ခရုတွေ ပေါ်ထွက်လာတဲ့အတွက် ဒေသခံပြည်သူ ရာနဲ့ချီကာ ခရုကောက်နေကြတာပါ။

ခရုပါကင်ခြင်း တခြခင်းကို ငွေကျပ် ၂၅၀၀ ကနေ ငွေကျပ် ၃၀၀၀ လောက်အထိ ပေါက်ဈေးရှိသလို ၁ တင်းခွဲ ပီနံအိတ် ၁ လုံးကိုလည်း ငွေကျပ် ၅၀၀၀ ကနေ ၆၀၀၀ အထိ ပေးဝယ်နေတယ်လို့ ဆိုပါတယ်။

ခရုကောက်သူတဦးကို တနေ့ပီနံအိတ် ၂ လုံးလောက်ရရှိတာကြောင့် တနေ့ဝင်ငွေ ၁ သောင်းလောက် ရရှိနေပါတယ်။

သောင်တာကျေးရွာမှာ ခရုများစွာတွေ့ရှိတဲ့အပေါ် မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနက ပြန်လည်ကြီးကြပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ခုံးခရုတွေကို ကဒုံကနိကျေးရွာ၊ ဧရာကျေးရွာ၊ သောင်တာကျေးရွာ၊ ကျွဲဖြူကျေးရွာ၊ ဆေးရိုးကွင်းကျေးရွာ၊ သပြေရိုးကျေးရွာ၊ ရွှေစံရာကျေးရွာနဲ့ ကိုင်းသောင်းကျေးရွာက ဒေသခံတွေ ဟာ တနေ့ကို လူ ၂၅၀ လောက်ကနေ ၅၀၀ လောက်အထိ ခရုကောက်ဆင်းနေကြတယ်လို့ ခရုကောက်သူ တွေက ဆိုပါတယ်။

ခရုဝယ်ယူသူတွေကတော့ ခရုကောက်တဲ့ သောင်ပြင်မှာ ကိုယ်တိုင်ဆင်းဝယ်နေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013