DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ရဲတပ်သား ၂ ဦး စီးနင်းလာသည့် ဆိုင်ကယ်မှောက်၊ ၁ ဦးသေဆုံး
DVB
·
January 27, 2019
ဝမ်းတွင်းတွင် ရဲတပ်သား ၂ ဦး စီးနင်းလာသည့် ဆိုင်ကယ်မှောက်၊ ၁ ဦးသေဆုံး
Donate to DVB

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၆၁/၄ နဲ့ ၅ အကြား ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာအနီးမှာ ဇန်နဝါရီ ၂၅ ရက်ညက ရဲတပ်သား ၂ ဦး စီးလာတဲ့ ဆိုင်ကယ်ရှေ့ဘီးပေါက်ပြီး တိမ်းမှောက်သွားရာ ၁ ဦး ဒဏ်ရာရပြီး ၁ ဦး သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

“၂ ဦးလုံးကတော့ ရဲတပ်သားတွေပါပဲ။ ၁ ဦးကတော့ နေရာတင်သေဆုံးသွားတယ်။ ၁ ဦး ကတော့ ဒဏ်ရာရသွားတယ်။ ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်"လို့ တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။

မြောက်မှတောင် ရဲတပ်သား ထက်မြတ်အောင်မောင်းပြီး နောက်ခုံမှာ ရဲတပ်သားစည်သူ လိုက်လာတဲ့ ဆိုင်ကယ်ဟာ မြေတိုင်ကန်ရွာအနီးမှာ ရှေ့ဘီးပေါက်ပြီး တိမ်းမှောက်သွားခဲ့တဲ့ အတွက် ရဲတပ်သားစည်သူ နေရာတင် သေဆုံးပြီး ရဲတပ်သားထက်မြတ်အောင် ဒဏ်ရာရခဲ့တာပါ

ဒေသခံကိုမြဝင်းက “အဲနေရာက တောက်လျှောက် ယာဉ်မတော်တဆ ဖြစ်တတ်တယ်။ အခုလည်း ရဲလေးတွေက ရွှေတောင်ရွာရဲစခန်းကို အလုပ်နဲ့သွားရင်း ဝမ်းတွင်းစခန်းကို ပြန်လာတာက အပြန်မှာ ယာဉ်မတော်တဆ ဖြစ်သွားတာတဲ့ စိတ်မကောင်းဘူးဗျာ”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းမှာ ရဲတပ်သား ထက်မြတ်အောင်အား အမှုအမှတ် ၃/၂၀၁၉ နဲ့ ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးစေမှု၊ သာမန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၇ နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013