DVB Logo
Home
သတင်းတို
မြန်မာ့ရွှေဈေး မြင့်တက်နေ
DVB
·
September 19, 2012
Donate to DVB

မြန်မာနိုင်ငံမှာ ရွှေဈေးတက်နေတက်တာ နိုင်ငံတကာမှာ ရွှေဈေးတက်လို့ တက်နေရတာဖြစ်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ ၁ ကျပ်သားကို (၇ သိန်း ၈ သောင်းနဲ့ ၈ ထောင်)နဲ့ အရောင်းအ၀ယ်ဖြစ်တယ်လို့ အသင်းရဲ့အတွင်းရေးမှူး ဦးကြည်ဝင်းက ပြောပါတယ်။

ဒီနေ့ပေါက်ဈေး ရွှေဈေးတက်တာဟာ ဒီလဆန်းပိုင်းဈေးနှုန်းနဲ့ နှိုင်းစာရင် ၁ ကျပ်သားကို ကျပ်၂ သောင်း တက်သွားတယ်လို့ ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာာ ဒီနေ့ ၁ အောင်စကို ဒေါ်လာငွေ ၁၇၇၂ ဈေးပေါက်တယ် လို့ ပြောပါတယ်။  ရွှေဈေးတက်လို့ အမြတ်များတဲ့အတွက် ဆိုင်သမားတွေဆီ ကို ပြန်သွင်းတာများကြောင်း၊ အရောင်းအ၀ယ်ကတော့ ပုံမှန်ပဲလို့ ဆိုပါတယ်။

စက်တင်ဘာ ၁၉ ရက် မနက်ပိုင်း နယူးယော့ခ် ဈေးကွက်အဖွင့်မှာ အမြင့်ဆုံးကာရက်ဟာ ၁ အောင်စကို ၁၇၇၃ ဒဿမ ၉၅ ဒေါ်လာပေါက်ပြီး အနိမ့်ဆုံးကာရက်ဟာ ၁ အောင်စကို ၇၃၉ ဒဿမ ၇၄ ဒေါ်လာ ပေါက်ပါတယ်။
အစိုးရသစ်မတက်ခင် မနှစ် ဖေဖော်ဝါရီလက အခေါက်ရွှေ ၁ ကျပ်သားဈေးဟာ ၆ သိန်း ၃ သောင်းကျပ်ရှိရာက ၁ နှစ်အကြာ၊ ဒီနှစ် ဖေဖော်ဝါရီလဆန်းမှာ ၇ သိန်း ၃ သောင်းကျော်ထိ တက်ခဲ့ပါတယ်။ နောက်ထပ် ၉ လအကြာမှာ  ၅ သောင်း ၈ ထောင် ထပ်တက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013