DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးမှု ၇၀ ရာခိုင်နှုန်းကျော်တွင် အဓမ္မလက်ထပ်မှုနှင့် အငှား ကိုယ်ဝန်ဆောင်မှု ပိုများ
DVB
·
January 27, 2019
လူကုန်ကူးမှု ၇၀ ရာခိုင်နှုန်းကျော်တွင် အဓမ္မလက်ထပ်မှုနှင့် အငှား ကိုယ်ဝန်ဆောင်မှု ပိုများ
Donate to DVB

မြန်မာနိုင်ငံမှာ အဓိက လူကုန်ကူးခံရမှု ၇၀ ရာခိုင်နှုန်းကျော်ဟာ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေပြီး အဓမ္မထိမ်းမြားလက်ထပ်မှု၊ အဓမ္မ အငှားကိုယ်ဝန်ဆောင်ခိုင်းမှုတွေ များနေတယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့က ဖျာပုံမြို့မှာ ဖွင့်လှစ်တဲ့ အမှတ် ၃ လူကုန်ကူးမှု တာဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်ရုံးဖွင့်ပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး သက်နောင်က  ပြောကြားခဲ့တာပါ။

"နိုင်ငံတ၀န်းလုံးမှာ ၂၀၁၇ ခုနှစ်မှာတော့ အများဆုံးအနေနဲ့ လူကုန်ကူးမှု ၂၂၀ ကျော် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၂၀၁၈ မှာတော့ ၂၀၆ မှု ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဓိကဖြစ်တဲ့ လူကုန်ကူးမှုတွေကတော့ တရုတ်နိုင်ငံနဲ့ ဆက်စပ်ပြီးဖြစ်ပွားတဲ့ လူကုန်ကူးမှုတွေက ၇၀ ရာခိုင်နှုန်းကျော်ဖြစ်နေပါတယ်။ အဓမ္မထိမ်းမြားလက်ထပ်တဲ့ ပုံစံမျိုးတွေ ဖြစ်နေပါတယ်။ ဧရာဝတီတိုင်းထဲက တချို့သော မိန်းကလေးငယ်တွေလည်း တရုတ်နိုင်ငံကို အဓမ္မမယားအဖြစ် ရောင်းစားခံရဖို့အတွက် လူကုန်ကူးခံရတာတွေ ကျနော်တို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီနှစ်ပိုင်းမှာ ထူးခြားတဲ့မှုခင်းတွေကတော့ တရုတ်နိုင်ငံကို ပို့ဆောင်ပြီး အဓမ္မ အဌားကိုယ်ဝန်ဆောင်ခိုင်းတဲ့ အမှုတွေလည်း တွေ့ရှိရတယ်။”

ပြီးခဲ့တဲ့နှစ်မှာ ဧရာဝတီတိုင်းအတွင်းမှာ လူကုန်ကူးမှု ၁၅ မှု ဖော်ထုတ်နိုင်ခဲ့ပြီး ဧရာဝတီတိုင်းအတွင်း လူကုန်ကူးမှုတွေ မဖြစ်ရအောင်၊ တားဆီးနိုင်အောင် လူကုန်မှု တာဆီးနှိမ်နင်ရေး တပ်ဖွဲ့ စိတ်ရုံးတွေကို ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံမြို့တွေမှာ ဖွင့်လှစ်ထားကာ လူကုန်ကူးမှုတွင်မက ကလေးသူငယ်တွေအပေါ်မှာ ကျူးလွန်တဲ့ အမှုတွေ၊ အမျိုးသမီးတွေ အပေါ်မှာ ကျူးလွန်ခံခဲ့ရတဲ့ အမှုတွေပါ အတက်နိုင်ဆုံး ကာကွယ်ဆောင်ရွက်ဖို့အတွက် ဧရာဝတီတိုင်း လူကုန်တား တပ်ဖွဲ့စိတ်တွေကို ရုံးခန်းတွေဖွင့်လှစ်ပြီး တာဝန်ပေးအပ်ခဲ့တာလို့ သိရပါတယ်။

ကျော်စိုးမိုး  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013