DVB Logo
Home
မြန်မာသတင်း
ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင်သွားမှု အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆို
DVB
·
January 26, 2019
ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင်သွားမှု အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာမှာ အုပ်ချုပ်ရေးမှူးတဦးကို အမည်မသိ လက်နက်ကိုင်ထားတဲ့လူ ၅ ဦးက ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ် အမြန်ဆုံးဖော်ထုတ်ပေးဖို့ ကျောက်တော်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူး ၄၈ ဦးက တောင်းဆိုလိုက်ပါတယ်။

တောင်မင်းကုလားကျေးရွာက အုပ်ချုပ်ရေးမှူး ဦးထွန်းနုကို ဇန်နဝါရီ ၁၉ ရက်နေ့ည ၇ အချိန်လောက်မှာ အမည်မသိ လက်နက်ကိုင်းထားတဲ့ လူ ၅ ဦးက အိမ်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

ကန်စောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသင်္ခါကျော်က “အုပ်ချုပ်ရေးမှူးကို ခေါ်သွားတာ ဒီလ ၁၉ ရက်နေ့ကတည်းက ခေါ်တာ။ အခုအချိန်အထိ ဘာသတင်းအစအနမှ မရသေးဘူး။ ဒီလိုအောက်ခြေက အုပ်ချုပ်ရေးမှူးတယောက် ဖမ်းဆီးခေါ်ဆောင်သွားတာကို ထိထိရောက်ဖော် ထုတ်စေချင်တယ်ဗျ။ အဲ့ဒါကြောင့် ကျနော်တို့ သူ့ကိုအမြန်ဆုံးဖော်ထုတ်ပေးဖို့ စာတင်ပြီး တောင်ဆိုထားပါတယ်” လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ် ကန်စောက်ရဲကင်း အမည်မဖော်လိုသူ တာဝန်ရှိရဲအရာရှိက “ကျနော်တို့ လူပျောက်အနေနဲ့ အမှုဖွင့်ထားပါတယ်။ ကန်စောက်ရဲစခန်းမှာတော့ မဟုတ်ဘူးပေါ့နော်။ အပေါက်ဝ နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ လေလောဆယ်ကတော့ ကျနော်တို့ စုံးစမ်းနေတုန်းပါပဲ၊ တပ်ကခေါ်သွားသလား၊ ဒါမဟုတ် ဟိုဘက်ကပဲ ခေါ်သွားသလားဆိုတာ ဆိုသဲသဲကွဲကွဲ မပြောနိုင်သေးဘူး။ သူ့မိန်းမကပြောတာ အဲ့ချိန်မှာ မှောင်နေတော့ ယူနီးဖောင်ဝတ်ထားတာကို သဲသဲကွဲကွဲမမြင်လိုက်ရဘူးလို့ ပြောတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တောင်မင်းကုလားကျေးရွာဟာ ကန်စောက်ကျေးရွာနဲ့ မလှမ်းမကမ်းမှာ တွေ့မြင်နေရတဲ့ (မြို) ကျေးရွာတရွာဖြစ်ပြီး အဲ့ဒီ တောင်မင်းကုလားကျေးရွာမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ၅၀၀ နီးပါရှိပါတယ်။

ဒါ့အပြင် အဲ့ဒီတောင်မင်းကုလားကျေးရွာမှာ ကမ်းနားတလျှောက် ရေလမ်းကြောင်းကနေ တပ်မတော်က လုံခြုံရေးတွေ နေရာချထားတဲ့ ရေလမ်းကုန်လမ်းကြောင်းကနေ သွားလာသူတွေကို စစ်ဆေးမှုတွေ ရှိနေပါတယ်။

တောင်းမင်းကုလားကျေးရွာက ပျောက်ဆုံးသွားသူ အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူ ဒေါ်စန္ဒာဖြူက “ကျမယောက်ျားကို ယူနီဖောင်ဝတ်ထားတဲ့ လူငါးယောက်ကလာခေါ်တယ်။ လက်နက်တွလည်း ပါတယ်။ ကျမတို့ကမေးတယ်။ ဘယ်သူက ခေါ်ခိုင်းတာလဲလို့မေးတော့ အဲ့ဒီမှာခေါ်လာတဲ့ လူတွေက အဘအပြင်မှာ စောင့်နေတယ်။ အဘခေါ်ခိုင်းလာခေါ်တာလို့ ပြောတယ်။ ၁၉ ရက်နေ့ခေါ်သွားတာ အခု ၂၆ ရက်နေ့အထိ ရှိနေပြီ ဘာသတင်းအစမှ ပေါ်မလာသေးဘူး”လို့ပြောပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

လတ်တလာမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် အိုးဖောက်ကျေးရွာနဲ့ သမီးလှကျေးရွာကြားတို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။

သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013