DVB Logo
Home
မြန်မာသတင်း
ဗုံးသီးဟောင်းအား မြေပေါ်ပစ်ချရာမှ ပေါက်ကွဲ၊ ၁ ဦး ဒဏ်ရာရရှိ
DVB
·
January 26, 2019
ဗုံးသီးဟောင်းအား မြေပေါ်ပစ်ချရာမှ ပေါက်ကွဲ၊ ၁ ဦး ဒဏ်ရာရရှိ
Donate to DVB

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ ဗုံးသီးဟောင်း ၁ လုံးပေါက်ကွဲလို့ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာနေ ရန်နိုင်အောင် (၁၉) နှစ်ဟာ ဖခင်ဖြစ်သူနဲ့အတူ အတွင်းစခန်းကြီးကျေးရွာရှိ ဒေါ်ရီရဲ့ ရာဘာခြံ မှာ ရာဘာအစေးတွေ လိုက်သိမ်းစဉ် ရာဘာခြံအတွင်း မြေကြီးမှာ စိုက်ဝင်နေတဲ့ အရှည် ၁ ပေလောက်ရှိ မော်တာဗုံးသီးဟောင်း ၁ လုံးအား တွေ့ရှိပြီး ယူဆောင်ခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဒီနောက် ရာဘာခြံတဲရှေ့အရောက် ဗုံးသီးအား မြေကြီးပေါ် ပစ်ချလိုက်ရာ ပေါက်ကွဲခဲ့ပြီး ရန်နိုင်အောင်ရဲ့ ဝဲ/ယာ ခြေမျက်စိအထက်ပြတ်ရှ၊ ဝဲလက်ကောက်ဝတ်၊ ဝမ်းဗိုက်ပေါက်ပြဲ ဒဏ်ရာတွေ (စိုးရိမ်ရ) ရရှိခဲ့လို့ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်နိုင်အောင်အား သံဖြူဇရပ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၆ (ပေါက်ကွဲစေတတ်သော အရာအား ပေါ့လျော့စွာအသုံးပြုမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013