DVB Logo
Home
မြန်မာသတင်း
အရက်ဖိုးတောင်းတာမရသဖြင့် နေအိမ်မီးရှို့၊ နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံး
DVB
·
January 26, 2019
အရက်ဖိုးတောင်းတာမရသဖြင့် နေအိမ်မီးရှို့၊ နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံး
Donate to DVB

ဘိုကလေးမြို့ပေါ်မှာ အရက်ဖိုးတောင်းတာ မရတဲ့အတွက် လူငယ်တဦးက နေအိမ်အား မီးရှို့ခဲ့လို့ နေအိမ် ၃ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ပေါ် ပအမှတ် ၇ ရပ်ကွက်၊ ၁၂ လမ်းမှာ ဇန်နဝါရ်ီလ ၂၆ ရက်နေ့ မနက် ၁၁ နာရီ ခွဲလောက်က အသက် ၁၈ နှစ်အရွယ် လူငယ်တဦးက အဒေါ်ဖြစ်သူထံမှ အရက်ဖိုးတောင်းတာ မရရှိခဲ့လို့ မိမိနေအိမ်အား မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

ဘိုကလေးမြို့နယ် မီးသတ်ဦးဌာန မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ဒေသခံတွေ ဝိုင်းဝန်းငြှိမ်းသက်ခဲ့ရာ မွန်းတည့် ၁၂ ရီအချိန် မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် နေအိမ် ၃ လုံး မီးလောင်ကျွမ်းဆုံးရှုံးမှု တန်ဖိုးမှာ ၈၂ သိန်းဖိုးရှိတယ်လို့ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရပါတယ်။

နေအိမ်မီးရှို့သူ ကျန်ကျောင်း (ခ) ဟိန်းထက်အောင် (ခ) မိုးညှင်းသူဆိုသူအား ဘိုကလေးမြို့နယ် ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၃၆ နဲ့ အမှုဖွင့်အရေးယူနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013