DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပဲခူးမြို့တွင် စတစ်ကာကမ်ပိန်း ပြုလုပ်
DVB
·
January 26, 2019
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပဲခူးမြို့တွင် စတစ်ကာကမ်ပိန်း ပြုလုပ်
1 / 6
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး စတစ်ကာကမ်ပိန်း လှုပ်ရှားမှုတရပ်ကို ဒီနေ့မနက်က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ ပြည်သူတရပ်လုံးအပေါ်မှာလည်း မူတည်တာကြောင့် အခုလို လှုပ်ရှားမှု ပြုလုပ်တာလို့ ဦးဆောင်လှုပ်ရှားသူ ဦးကျော်မျိုးဦးက ပြောပါတယ်။

“ဒီ ၂၀၀၈ ဥပဒေ ပြင်ဆင်ဖို့၊ ဖျက်သိမ်းဖို့ကတော့ လူထုတရပ်လုံးပေါ်မှာ မူတည်ပါတယ်။ အန်အယ်လ်ဒီ စတက်လာကာစကလည်း ၂၀၀၈ အခြေခံ ဥပဒေ ပြင်မယ်ဆိုပြီး ကတိက၀တ်ပေးခဲ့တာတွေရှိပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီလို ဦးဆောင်ပါတီတခုကသာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ဖျက်သိမ်းရေး ကိစ္စတွေမှာ ဦးဆောင်မယ်ဆိုရင် ပြည်သူတရပ်လုံး လိုက်ပါဆောင်ရွက်ဖို့ ရှိတယ်။”

လှုပ်ရှားမှုမှာပါဝင်သူ ကိုမျိုးကိုကိုက  “လက်ရှိ နိုင်ငံရေးအခြအနေအရ လွှတ်တော်တွင်း တပိုင်း၊ လွှတ်တော်ပြင်ပတပိုင်း ဆိုပြီး ၂ ပိုင်း လုပ်ရမှာပါ။ လွှတ်တော်ထဲမှာ ခြေ/ဥ နဲ့ ပတ်သက်ပြီး မစသေးဘူးဆိုရင် ပြည်သူ့အသံ လွှတ်တော်အသံဆိုတဲ့အတိုင်း ကျနော်တို့ အပြင်ကနေ စရမှာပါ။ လက်ရှိ အကျပ်အတည်းတွေ အကုန်လုံးက ခြေ/ဥ မှာလည်း အများကြီးသက်ဆိုင်နေပါတယ်။ ဒါကြောင့် ကျနော်တို့အပြင်ကနေ များများ လှုပ်ရှားဖို့ လိုတယ်” လို့ ပြောကြားလိုက်ပါတယ်။

ဒီလှုပ်ရှားမှုကို ပဲခူးမြို့ဈေးရှေ့မှာ လူအင်အား ၂၀ လောက်က လုပ်ခဲ့တာဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး စတစ်ကာတွေကိုလည်း သွားလာနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ သုံးဘီးဆိုင်ကယ်တွေကို လိုက်ဝေပေးခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုတွေကို နေရာပြောင်းရွှေ့ပြီး နေ့စဉ်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တပ်မတော် သဘောပေါက်လာအောင် စဉ်ဆက်မပြတ် စည်းရုံးလုပ်ဆောင်နေတယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောကြားထားပြီး  ပြင်ဆင်ရေး လုပ်ရာမှာလည်း ပြည်သူတွေ မနစ်နာတဲ့ နည်းကို ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013