DVB Logo
Home
မြန်မာသတင်း
ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းရန် သမ္မတရုံးကို တင်ပြသွားမည်
DVB
·
January 26, 2019
ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းရန် သမ္မတရုံးကို တင်ပြသွားမည်
Donate to DVB

ကုန်သွယ်ရေကြောင်းသင်္ဘောတွေမှာ မူးယစ်ဆေး၊ လက်နက်၊ လူမှောင်ခိုကိစ္စတွေ စစ်ဆေးနိုင်ရေးအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းဖို့ သမ္မတရုံးကို တင်ပြသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှာ ဇန်န၀ါရီ ၂၆ ရက်နေ့က ပြုလုပ်တဲ့ Cyber Security Challenge (2019) ပြိုင်ပွဲအခမ်းနားမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အခုလို ပြန်လည်ဖြေဆိုတာပါ။

လက်ရှိမှာ တပ်မတော် (ရေ) တခုပဲ အဆင့်သင့်ရှိပြီး တပ်မတော်(ရေ)အနေနဲ့ ကုန်သွယ်ရေးကြောင်းသင်္ဘောတွေမှာ မူးယစ်ဆေး၊ လက်နက်၊ လူမှောင်ခိုကိစ္စတွေ စစ်ဆေးဖို့ရာမှာ အခက်ခဲရှိသလို တခြားနိုင်ငံတွေကပါ အထင်လွဲနိုင်တယ်လို့ ဆိုပါတယ်။

“ဒါကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့ဆိုပြီးတော့ အားလုံးပါတဲ့ဟာကို Custom တို့၊ Immigration တို့ နောက်ကမ်းခြေမှာ မီးလောင်မှုဖြစ်ရင် မီးသတ်ဖို့ ဒါတွေရော အကုန် လုံးပါရမယ်။ ဆိပ်ကမ်းနဲ့လည်းပတ်သက်တယ်။ ရေကြောင်းညွှန်ကြားမှုဦးစီးဌာနနဲ့လည်း ပတ်သက်တယ်။ အထူးသဖြင့်တော့ ရေကြောင်းညွှန်ကြားမှု ဦးစီးဌာနက သဘောင်္တွေရဲ့ ကမ်းရိုးတန်းနိုင်ငံတွေက လုပ်ရမယ့်ဝတ္တရားတွေ၊ သင်္ဘောတွေရဲ့ အရည်အသွေးတွေ၊ သင်္ဘောတွေရဲ့ အရည်အချင်းတွေကို စစ်ဖို့ရာ ဒါတွေလည်းလိုအပ်တယ်။ ဒါကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့က ဒီနိုင်ငံမှာ မရှိမဖြစ်လိုအပ်တယ်။ သူများနိုင်ငံတွေမှာလည်း နိုင်ငံအများစုက ရှိပါတယ်။ ဒါကြောင့် ဒီဟာကို ဘယ်လို ပုံစံနဲ့ ဖွဲ့မှာလဲ၊ နောက်တခါ ဘယ်လိုသင်တန်းတွေပေးမှာလဲ၊ ဘယ်လို ဘက်ဂျက်အကုန်ခံမှာလဲ။ ဒါမျိုးတွေကို အသေးစိတ်ညှိနှိုင်းပြင်ဆင်ပြီး သမ္မတရုံးကို တင်ပြရမှာဖြစ်ပါတယ်" လို့ ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းဖို့ ညှိနှိုင်းအစည်းဝေးကို ဇန်န၀ါရီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအစည်းဝေးကို တပ်မတော်(ရေ) တက်ရောက်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

“ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပူးပေါင်းဆောင်ရွက်မှာပါ။ တပ်မတော်(ရေ)က အစည်းဝေးတက်ပါတယ်။ သူတို့အနေနဲ့ အားလုံးကူညီဖို့ အဆင်သင့်ပါပဲ။ နိုင်ငံတော်ကာကွယ်ရေး လုံခြုံရေးဆိုင်ရာကိစ္စတွေကတော့ တပ်မတော်က တကယ်ကို တာဝန်ယူရမယ့်ဟာပဲ။ ဒီကိစ္စက ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စပါ” လို့ ဦးသန့်စင်မောင်က ပြောပါတယ်။

အခုလို ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ရင် လက်နက်မှောင်ခိုတွေ၊ မူးယစ်ဆေးဝါးတွေ၊ လူကုန်ကူးမှုတွေ၊ တရားမ၀င် ငါးဖမ်းတာတွေ၊ ကမ်းရိုးတန်းတလျှောက် သန္တာကျောက်တန်းတွေကို ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေက ခရီးသွားပင်လယ်ကူး သင်္ဘောတွေကိုလည်း အကူအညီ ပေးနိုင်သလို ရှာဖွေကယ်ဆယ်ရေးတွေလည်း လုပ်နိုင်မယ်လို့ ပြောပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းဖို့စီစဉ်တာဟာ လိုအပ်ချက်အရ လုပ်တာဖြစ်ပြီး အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုသလို အရင်ကတည်းက ရှိသင့်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013