DVB Logo
Home
မြန်မာသတင်း
တိုင်းအစိုးရက ​ဆောက်​လုပ်​ခွင့်မပြု​သည့်ကြားမှ ကိုယ်ပိုင်အထက်တန်းကျောင်း ပန္နက်​ရိုက်
DVB
·
January 26, 2019
တိုင်းအစိုးရက ​ဆောက်​လုပ်​ခွင့်မပြု​သည့်ကြားမှ ကိုယ်ပိုင်အထက်တန်းကျောင်း ပန္နက်​ရိုက်
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး ပုသိမ်​ကြီးမြို့နယ်​ ​ကျောက်​​ချော​ကျေးရွာက မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း (မန္တလေး) တည်​​ဆောက်​မယ့်ကိစ္စကို မန္တလေးတိုင်း ဒေသကြီး အစိုးရက ခွင့်​မပြုဘဲ တားမြစ်​​ခဲ့​ပေမယ့် ဇန်နဝါရီ ၂၆ ရက်နေ့မနက်​က ကျောင်းဆောက်ဖို့ အတွက်​ ပန္နက်ရိုက်မင်္ဂလာကို ကျင်းပခဲ့ပါတယ်​။

မ​ဟော်​သဓာ အမျိုးသား​ရေ ကိုယ်​ပိုင်​အထက်​တန်း​ကျောင်း​ဆောက်​လုပ်​ဖို့​အတွက်​ ပန္နပ်ရိုက်မင်္ဂလာကို အမျိုးသားရေးဆရာတော် ဦးဝီရသူအပါအဝင် ဆရာတော်သံဃာတော်တွေ တက်ရောက်ခဲ့ကြပြီး ပရိတ်ရွတ်​ဖတ်​ကာ ငါးပါးသီလပေးပြီး အမျှ​ဝေသာဓု​ခေါ်ဆိုခဲ့ကြပါတယ်။

ကျောင်းတည်​​ဆောက်​ဖို့အတွက် ​ပန္နက်ရိုက်မင်္ဂလာမကျင်းပခင်​ ဇန်နဝါရီ ၂၅ ရက်နေ့ည ၁၁ နာရီ​ကျော်​က တားမြစ်စာပို့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးနဲ့ တာဝန်​ရှိသူ​တွေ လာရောက် တားမြစ်ခဲ့တယ်​လို့​ ဆရာတော် ဦးဝီရသူက ​ပြောပါတယ်​။

မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း (မန္တလေး) ကို ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာမှာ ၈ ဧကနီးပါး ကျယ်ဝန်းတဲ့မြေပေါ်မှာ တည်​​ဆောက်​ သွားမှာဖြစ်​ပြီး လက်ရှိမှာ အုတ်တံတိုင်းမုခ်ဦးနဲ့ အဝီစိတွင်းတို့ကိုသာ ပြီးစီးထား​ပေမယ့် မန္တလေးတိုင်းဒေသကြီး အစိုးရအနေနဲ့ ဆောက်လုပ်ခွင့်မရခင် လုပ်ငန်းရပ်ဆိုင်းထားဖို့ စာထုတ်ထားခဲ့ပါတယ်​။

စာသင်​ကြားရာမှာ နိုင်​ငံ​​တော်​က အစိုးရကပြဋ္ဌာန်းထားတဲ့ စာ​တွေကိုသာ သင်ကြားသွားမှာဖြစ်​ပြီး လက်ရှိမှာလည်း နဝမတန်း၊ ဒဿမတန်း ကျောင်းသား/သူ စုစုပေါင်း ၁၅၀ ​ကျော်​ကို သင်ကြားပေး​နေပါတယ်​။ ပညာသင်ကြား စရိတ်အဖြစ် ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာ ဆရာမ အယောက် ၃၀ အပါအဝင် တလကို ကျပ်သိန်း ၃၀ ကျော်ကုန်ကျစရိတ်​ ရှိပါတယ်​။

အခုဆောက်လုပ်မယ့် မ​ဟော်​သဓာအမျိုးသား​ရေး​ကျောင်းကို လေးထပ်ကျောင်းဆောင်​ ဆောက်​လုပ်​မှာဖြစ်​ပြီး ကျပ်သိန်း ၄၀၀၀ ကျော်အကုန်​ကျခံ​ ဆောက်​လုပ်​မှာလည်းဖြစ်​ပါတယ်​။

မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက် တန်းကျောင်း(ရန်ကုန်)ကို ၂၀၁၆ ခုနှစ်ကစတင်​ဖွင့်လှစ်ခဲ့ပြီး မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း (တောင်ကုတ်) ကို ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ထားပြီးလည်း ဖြစ်​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013